11

123 8 5
                                    

ရိပေါ် စိတ်တိုတိုနဲ့ ဆိုင်ကယ်ပြိုင်ကွင်းကိုသာရောက်လာခဲ့၏။
ရောက်ထဲက ဘယ်သူကိုမှလဲ စကားမပြောပဲ ဆိုင်ကယ်ကိုသာ  အရှိန်ပြင်းပြင်းလျောက်မောင်းနေတာကြောင့် ကွိုင့်ရှစ်က သတိထားမိသွားကာ
သူလက်ထဲက ဆေးပုလင်းအဖြူလေးကိုတလှည့် ရိပေါ်ကိုတလှည့်ကြည့်နေမိတော့သည်။
ထို့နောက်တော့ အသင့်ပါလာတဲ့ အအေးပုလင်းထဲ ထိုအမှုန့်တို့ကိုရောစပ်၍
ရိပေါ် ဆိုင်ကယ်ကို လက်ကာ တားမြစ်လိူက်၏။
ရိပေါ်ကလဲ ကွိုင်ရှစ်ရှေ့ဆိုင်ကယ်ရပ်ပေးရင်း ဘာလဲဆိုသည့်အထာနဲ့
မျက်ခုံးပင့်ပြတော့ မျက်စိရှေ့အအေးပုလင်းလေးရောက်ရှိလာ၏။
ရိပေါ်က ဘာမှမေးမနေပဲ ကောင်မော့ချလိုက်တော့ စိတ်ကိုလန်းဆန်းသွားသလိူခံစားလိုက်ရ၏။ ပုလင်းထဲကအအေးကုန်သွားတဲ့အထိ ကွိုင့်ရှစ်က ရိပေါ်ကို ကြည့်နေမိသည်။

" ဟင်းးးလန်းဆန်းသွားတာပဲ ဘာလို့အအေးတိုက်တာလဲ "

ရိပေါ်က သဘောရိုးနဲ့မေးလေတော့ ကွို​င်ရှစ်က

"မင်းအရမ်း ပင်ပန်းနေတဲ့ပုံပေါ်နေလို့ ဘာကိစ္စရှိလို့လဲရိပေါ် "

"မရှိပါဘူး..."

ကွိုင်ရှစ်ကို အစစအရာရာမပြောပြချင်တာကြောင့်
ရိပေါ်ကငြင်းပယ်လိုက်သည်။

ရိပေါ်မဖြေချင်းမှန်းသိလိူ့ ကွိုင်ရှစ်လဲ ဇွတ်မမေးတော့ပဲ
စကားလမ်းကြောင်းလွှဲလိုက်တော့သည်။

"ခဏနေ ကွင်းအ​ပြင်မှာ ပြိုင်မောင်းကြမလား ရိပေါ်
ဒီတစ်ခေါက်တော့ ငါရိုးရိုးသားသားပဲ ပြိုင်ပါ့မယ်"

ကွိုင်ရှစ်က အရင်တစ်ခေါက်ဖြစ်တဲ့ကိစ္စကို တောင်းပန်သည့်သဘောနဲ့
ပြောလာတော့ ရိပေါ်က ကွိုင်ရှစ်ကိုပခုံးပေါ်လက်လှမ်းတင်လိုက်ရင်း

"အရင်တစ်ခေါက်ကိစ္စကို မင်းအပြစ်လိူ့မြင်နေတူန်းပဲလား
ငါစိတ်ထဲမထားတော့ဘူးလို့ပြောခဲ့သားပဲ"

"ဒါမဲ့ ငါမင်းကိုအားနာတယ်"

ကွိုင်ရှစ်အားနာနေတာက ပြိုင်ကွင်းကိစ္စမဟုတ်မှန်း ကာယံကံရှင်သာသိသည်။ ရိပေါ်ကတော့ ဘာမှမသိရှာပဲ ကွိုင်ရှစ်နဲ့ ဆိုင်ကယ်ပြိုင်စီးဖို့သာ
သဘောတူလိုက်လေသည်။

love dropWhere stories live. Discover now