15

105 11 9
                                    

ရှောင်ကျန့် အိမ်ပြန်ရောက်တော့ တအိမ်လုံးငြိမ်နေတာကြောင့်
အိမ်တော်ထိန်းကိုမေးကြည့်လိုက်သည်။
ထိုအခါမှ ပါးပါးကးက ရုတ်တရက်အလုပ်ကိစ္စနဲ့
နိုင်ငံခြားသွားသည် ဆိုတာသိလိုက်ရပြီး
ရိပေါ်ကတော့ မနက်ထဲကအိမ်ပြန်ရောက်မလာသေးမှန်း သိလိုက်ရသည်။
ဒါနဲ့သူလဲ အထွေအထူးလုပ်မနေတော့ပဲ သူ့အခန်းပြန်ကာ နားနေလိုက်ပြီး
မှေးခနဲ တချက်အိပ်ပျော်သွားတော့သည်။ မကြာမီ ဖုန်းမြည်သံကြောင့် လန့်နိုးလာတော့ ရိပေါ်ရဲ့သူငယ်ချင်း မော့ရန် ဆီကမို့ ဖုန်းကိုင်လိုက်၏။

"ဟဲလို..."

"ဟဲလို ရှောင်ကျန့်ကောလား"

"အင်း မော့ရန် ကောပါ"

"ဟိုလေ ကော
အခု ကော နဲ့အတူ ရိပေါ် ရှိ​ေနလား "

မော့ရန်ရဲ့ စကားမှာတင် ရှောင်ကျန့် မျက်ခုံးပင့်မိသွားသည်။

"ရိပေါ်က မင်းတို့နဲ့အတူရှိနေတာမဟုတ်ဘူးလား"

"မရှိဘူးကော သူနဲ့ ဒီတနေ့လုံးမတွေ့ရသေးဘူး
မနက်ကဖုန်းဆက်တော့ သူချိန်းထားတဲ့နေရာကိုနောက်ကျမှရောက်မယ်ပြောပြီးတော့ အခုထိရောက်မလာသေးလို့
အဲ့တာကျွန်တော်တို့ပြန်ကြတော့မလို့
သူ့ဆီဖုန်းဆက်တာလဲ စက်ပိတ်ထားပါသည်ပဲအော်နေတာ
အဲ့တာကြောင့် ရှောင်ကျန့်ကောဆီများရောက်နေသလားလို့
ဖုန်းဆက်ကြည်လိုက်တာ"

"မဟုတ်ဘူး ကောလဲ တနေ့လုံးရိပေါ်နဲ့မတွေ့ရသေးဘူး
နေပါဦး ဒါဆိုရိပေါ်ကပျောက်နေတာလား"

"ကော သူ့ဆီဖုန်းဆက်ကြည့်ပါ့လား"

"ကောဖုန်းကိုကိုင်မှာမဟုတ်ဘူး"

ရှောင်ကျန့်က ဝမ်းနည်းသံစွတ်ကာ ပြောလိုက်မိပြီးမှ
မော့ရန်တို့ ရိပ်မိသွားမှာစိုး၍

"ဒါမဲ့ အရင်ဆုံးဆက်သွယ်ကြည့်လိုက်ဦးမယ်
မင်းတို့လဲ ဆက်သွယ်ကြည့် အဆက်အသွယ်ပြန်ရရင်
ကောဆီဖုန်းပြန်ဆက်ပေးဦး မော့ရန်"

"ဟုတ်ကဲ့ ကျွန်တော်ပြန်ဆက်ကြည့်လိုက်မယ်ကော"

"အင်း"

"ဘာတဲ့လဲ"

ရှောင်ကျန့်ကောဆီကဖုန်းချသွားတာနဲ့ ချူးမင်းကမေးလာ၏။
မော့ရန်က အနည်းငယ်ခေါင်းယမ်းပြရင်း

love dropWhere stories live. Discover now