23

84 7 3
                                    

ရှောင်ကျန့်ရဲ့ မင်္ဂလာပွဲနေ့က တဖြေးဖြေး နီးကပ်လာပေမဲ့
ရှောင်ကျန့်က စိတ်မပါတော့ဘူး အခု အခြေအနေက
သူလဲရိပေါ်ကို မျက်နှာချင်းမဆိုင်မိတော့သလို
ရိပေါ်ကလဲသူ့ကိုရှောင်နေခဲ့တယ်

မနေ့ညက အဖြစ်အပျက်က သူ့ကို ကြီးစိုးနေတူန်းပဲ
ဖြစ်နိုင်ရင် အတိတ်တွေဆီ ပြန်သွားပြီး
အမှားတွေကိုပြင်ဆင်လိုက်ချင်မိတယ်
ဒါပေမဲ့လဲ ဘယ်အရာကနေ စမှားခဲ့လဲ
ဘယ်သူ့ဘက်ကစမှားခဲ့လဲဆိုတာသူမသိနေဘူး
အားလုံးကို မသိချင်ယောင်ဆောင်ပြီး
ရိပေါ်နဲ့ အဝေးဆုံးကိုထွက်ပြေးလိုက်ချင်မိပေမဲ့
ရိပေါ်က သူ့နှလုံးသားကိုမမြင်ပြန်ဘူး
ပြီးတော့ သူကအခု လက်ထပ်ရတော့မယ် ရိပေါ် အပေါ်
ဒီလိုစိတ်တွေရှိနေတာ သူ့စိတ်သူတောင်ကြောက်လာမိတဲ့အထိပဲ

ရှောင်ကျန့်ရဲ့အတွေးတွေက ဟိုတစ်စ ဒီတစ်စပြန့်လွင့်နေတယ်
ဒါပေမဲ့ ဒီနေ့တော့ သူ ရိပေါ်နဲ့ စကားပြောကြည့်မှဖြစ်တော့မယ်
ဆိုရှယ်မီဒီယာတချို့မှာ ရိပေါ်ကိုပြောဆိုနေကြတာတွေ သူကြည့်မနေနိုင်တော့ဘူး ဆိုင်ကယ်ပြိုင်ပွဲအသင်းကနေလဲ ထုတ်ပယ်ခံလိုက်ရပြီဆိုတာလဲ တကယ်ဟုတ်မဟူတ် သူမေးမှရတော့မယ်
ဒါကြောင့် သူဒီနေ့အပြင်မသွားပဲ ရိပေါ် အခန်းထဲက
ထွက်အလာကိုစောင့်နေမိတာဖြစ်တယ်
ရိပေါ်အခန်းထဲကထွက်လာတော့...

"ကော..."

ရိပေါ်က တံခါးဖွင့်ဖွင့်ချင်း သူ့ကိုမြင်လိုက်ရတော့ အံ့သြသလိုမျိုး
မျက်လုံးအပြူးသားလေးနဲ့ ရပ်ကြည့်နေတယ်
သူလဲ ရိပေါ်ကိုခဏကြောင်ကြည့်နေမိပြီးမှ

"ရိပေါ်... ကော မင်းနဲ့စကားပြောစရာရှိတယ် ဧည့်ခန်းထဲလိုက်ခဲ့"

ရိပေါ်ကလဲ ရှောင်ကျန့်ပြောသလို ရှောင်ကျန့်နောက်ကနေ ဧည့်ခန်းထဲအထိလိုက်ပါလာခဲ့တယ်
ရှောင်ကျန့်က ရိပေါ်ကို အကဲခတ်သလို ခဏလောက်ကြည့်နေပြီး
သူ့စကားနားထောင်နဲ့ ခွေးပေါက်လေးကြောင့် တချက်ကြိတ်ပြုံးမိပြန်တယ် ဒါပေမဲ့ အခုအခြေအနေက ​ကျေနပ်ကြည်နူးနေရမဲ့အချိန်မဟုတ်မှန်း
ရှောင်ကျန့်ကောင်းကောင်းသိတာကြောင့်
သူ့အပြုံးကိုအရှိန်ပြန်ထိန်းလိုက်ကာ

love dropWhere stories live. Discover now