4

143 12 2
                                    

"ကျွန်တော်ပြန်ရောက်ပြီပါး..."

ဝမ်ပါးက စာကြည့်ခန်းထဲမှာ သူ့လုပ်ငန်းနဲ့ပတ်သက်တဲ့
ဖုန်းပြောနေတယ် ရှောင်ကျန့်ကိုမြင်တော့ လက်ကာပြရင်း
အထဲလာခဲ့ဖို့ခေါ်လိုက်တယ်
ခဏကြာတော့ ပါးရဲ့ဖုန်းပြောချင်းကိစ္စပြီးပြတ်သွားကာ

"ညစာစားခဲ့ပြီလား"

"ဟုတ်ကဲ့ပါး အပြင်မှာပဲစားခဲ့လိုက်တယ်"

ပါးကခေါင်းငြိမ့်ပြရင်း သူ့အလုပ်သူဆက်လုပ်နေတုန်း

"ပါး...ရိပေါ်ရောသူ့အခန်းထဲမှာလား"

"ဝမ်လေးလား...သားရှောင်ကိုသွားကြိုမယ်ဆိုပြီး ထွက်သွားတာလေ
အခုထိပြန်မရောက်သေးဘူး သားနဲ့မတွေ့ဘူးလား"

"တွေ့ပါတယ် ဒါမဲ့ သူ့ကိုအရင်ပြန်လွှတ်လိုက်တာ ...
ကျွန်တော်ဖုန်းဆက်ကြည့်လိုက်မယ်ပါး..."

ရှောင်ကျန့် ရိပေါ်ဖုန်းကိုအဆက်မပြတ်ခေါ်နေပေမဲ့
ကိုင်သူမဲ့နေခဲ့၏။

"ဖုန်းမကိုင်ဘူးပါး...ကျွန်တော်အပြင်မှာသွားရှာလိုက်မယ်"

"နေပါစေ သူ့ သူငယ်ချင်းတွေဆီဝင်နေလို့ဖြစ်လိမ့်မယ်
အချိန်တန်ပြန်ရောက်လာလိမ့်မယ်"

ပါးက စိတ်အေးနိုင်ပေမဲ့ ရှောင်ကျန့်က စိတ်မအေးနိုင်
ဆေးရုံမှာဖြစ်ခဲ့တဲ့ကိစ္စအရ ဒီကောင်လေးအပြင်မှာကောင်းတာတစ်ခုခုလုပ်နေတာတော့မဖြစ်နိုင်မှန်း ရှောင်ကျန့်ကောင်းကောင်းသိ၏။
ဒါပေမဲ့ ပါးကိုတော့ပြောမနေတော့ပဲ အပေါ်ထပ်သာတက်လာခဲ့လိုက်တော့သည်။

ည ၁၀နါရီ ...

ရိပေါ်က ပြန်လာသင့်တဲ့အချိန်​ကိုကျော်လွန်နေခဲ့ပြီ
ပါးကိုတော့ဆေးတိုက်ပြီး အိပ်ခိုင်းလိုက်တာကြောင့်
ရိပေါ်ခုထိပြန်မလာသေးမှန်းမသိ
သူတစ်ယောက်တည်းသာ နေမထိထိုင်မသာဖြစ်နေရခြင်း
အိမ်မှာရှိတဲ့ အလုပ်သမားတွေလဲ နားခိုင်းလိုက်ပြီဖြစ်တာကြောင့်
ဧည့်ခန်းထဲမှာသူတစ်ယာက်တည်းသာရှိနေခဲ့သည်။
ရှောင်ကျန့်က နာရီကိုကြည့်လိုက် ခြံဝကို ကြည့်လိုက်ဖြင့်အလုပ်ရှုပ်နေရ၏။
သူ ရိပေါ်ကို စိတ်လဲပူနေသလို ဒေါသလဲထွက်လို့နေသည်။
ပြန်လာရင်တော့ ဆူငေါက်ပြစ်ဦးမည်ဟု
သူ့စိတ်ထဲမှာတွေးထားလိုက်၏။

love dropWhere stories live. Discover now