20

100 11 4
                                    

ရိပေါ်ဆေးဆွဲနေတဲ့အကြောင့် ဖန်ယွီးကျဲသိပြီးတဲ့နောက်
ရှောင်ကျန့်​ေကာကို အမှန်တိုင်းပြောဖို့ တိုက်တွန်းခဲ့ပေမဲ့
ခေါင်းမာလွန်းတဲ့ ရိပေါ်က ငြင်းဆန်ခဲ့တယ်
ပြီးတော့ ဆေးဖြတ်ကြည့်ဖို့လဲ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်
ဒါပေမဲ့ မအောင်မြင်တဲ့အပြင် တဖြေးဖြေး
သူ့စွမ်းဆောင်ရည်တွေပါကျဆင်းလာတော့ ​
ပြိုင်တဲ့ပွဲတိုင်း အရှုံးနဲ့ရင်ဆိုင်ရတော့တာပဲ
ရိပေါ် အခုလိုဖြစ်နေတာတွေကို မသိတဲ့ သူငယ်ချင်းနှစ်ယောက်ကလဲ
ပွဲတိုင်းမှာရှုံးလာတဲ့ရိပေါ်ကို
အားမလျော့ပဲဆက်လေ့ကျင့်ဖို့သာ ပြောခဲ့ကြတယ်
ဖန်ယွီးကျဲကတော့ ဆေးသုံးထားရင်
ဆိုင်ကယ်မစီးဖို့ အမြဲပြောနေဆဲပဲ ဒါပေမဲ့ရိပေါ်နားမဝင်ပါဘူး
ဆေးသုံးပြီး ပြိုင်မှ ပွဲကို အာရုံပိုစိုက်နိုင်ပြီး
အနိုင်ရတက်တာများတာကြောင့် ရိပေါ်ဆေးသုံးပြီးပဲပြိုက်တက်လာတယ်
ဒါကြောင့် တဖြေးဖြေးနာမည်လဲကြီးလာပြီး မိန်းကလေးပရိသတ်တွေများလာတော့တယ်

အခု ရိပေါ်ကဆေးလဲမဖြတ်တော့သလို ​ဘဝကိုဖြစ်ချင်တာဖြစ်ဆိုပြီး
ဖြတ်သန်းနေတာဖြစ်တယ် သူ့ပုံစံက ဝါရင့်အသည်းကွဲသမားလိုပဲ
ဆေးလိပ်တွေသောက်လာတယ် သာမာန်ဆေးလိပ်မျိုးမဟုတ်ပဲ
ဘိန်းဖြူမှုန့်တွေရောထားတဲ့ဆေးလိပ်မျိုး
ညတိုင်း အကြောင်းပြချက်အမျိုးမျိုးပေးပြီး
အရက်တွေသောက်လာတက်တယ်
ကလပ်တွေဘားတွေသွားပြီးလဲ မိန်းကလေးပေါင်းစုံနဲ့ အသံတွေထွက်ခဲ့တယ်
နာမည်ကြီးတဲ့ ဝမ်groupကဆိုတော့ ကြီးကြီးငယ်ငယ် မိန်းကလေးတိုင်းက ကပ်နေကြတာပဲ ဒါကိုလဲရိပေါ်က ကြည်ကြည်ဖြူဖြူအကပ်ခံနေတယ်
အခုသူ့ပုံစံက လုံးဝကိုပျက်စီးနေပြီ
သူ့ကိုယ်သူလဲမထိန်းတော့သလို ဘယ်သူမှထိန်းချုပ်လို့လဲမရတော့ဘူး
ပြီးတော့ သူသိပ်ချစ်တဲ့ကောကိုလဲမျက်နှာချင်းမဆိုင်တော့ဘူး

...........................

ရိပေါ် ဆိုင်ကယ်ကို အရှိန်ပြင်းပြင်းမောင်းလာပြီး
ကွင်းနားရောက်မှ ရပ်ပြစ်လိုက်တယ်ပြီးတော့ စတိုင်အပြည့်နဲ့ ဆိုင်ကယ်ဦးထုတ်ကိုချွတ်လိုက်ပြီး သူ့ရဲ့ဆံပင် ရွှေအိုရောင် ဆံပင်ကို ခါရမ်းလိုက်တယ်
ကွင်းထဲက ပျိုမဒီတွေက သူ့နာမည်ကိုလှမ်းအော်ခေါ်ကြပြီး အားပေးကြတယ်
ဒါက သူပွဲတိုင်းမှာ အနိုင်ရနေလို့မဟုတ်ဘူး
ရုပ်ချောပြီး သုံးဖြုန်းနေနိုင်လို့

love dropWhere stories live. Discover now