7 zg

57 3 2
                                    

"ကော...မအိပ်သေးဘူးဆိုတာသိတယ်
တံခါးဖွင့်ပေး ကျွန်တော်တို့စကားခဏပြောရအောင်"

ရိပေါ်က အခန်းတံခါးနားမှာရပ်နေရင်း မျင်နှာငယ်လေးနဲ့ တောင်းပန်ဖို့ကြိုးစားခဲ့ပေမဲ့ရှောင်ကျန့်ကတော့ မသိချင်ယောင်ဆောင်နေဆဲ

"ကော...တကယ်က မရှိပါဘူး တကယ်ပါ"

ရုတ်တရက်ကတခါးကပွင့်လာတော့ ရိပေါ်နောက်ဆုတ်လိုက်မိသည်။
တံခါးဖွင့်ဖွင့်ချင်း ရှောင်ကျန့်က ရိပေါ်ကို
မျက်ထောင့်နီတွေနဲ့ကြည့်နေတော့ ရိပေါ်ကခေါင်းကိုငုံ့ထားလိုက်သည်။

"ငါနဲ့ပေးတွေ့"

"ကော..."

"ပေးတွေ့မှာလား !!!"

ရှောင်ကျန့်က အသက်ရှုတွေမြန်လာပြီး လည်ပင်းကျောတွေပါ
ထောင်းသည်အထိဒေါသထွက်နေတာကြောင့် ရိပေါ်ရှင်းပြမနေတော့ပဲ
ခပ်မြန်မြန်ဂတိပေးလိုက်ရသည်။

"ဟုတ်ပြီ ဟုတ်ပြီကော...ကောနဲ့ပေးတွေ့မယ်အခုအရင်ဆုံး
စိတ်ကိုလျော့လိုက်နော် ကျွန်တော်ဂတိပေးတယ်"

ရိပေါ်က အခန်းထဲထိတွဲပို့ပေးပြီး ရေတစ်ခွက် တိုက်လိုက်တော့မှာ
အသက်ရှုမြန်တာတွေလျော့သွား၏။
ကောကဒီလောက်ဒေါသကြီးမှန်းသူမသိခဲ့ဘူး

"ကော...ဘာလို့ဒီလောက်ထိတောင်ဒေါသထွက်နေတာလဲ"

ရှောင်ကျန့်က ရိပေါ်ကို မျက်နှာလွှဲပြစ်လိုက်သည်။
ပြီးတော့ ကုတင်ပေါ်လှဲချလိုက်ပြီး
တစ်ဖက်စောင်းကာအိပ်ချင်ယောင်ဆောင်နေလိုက်တော့၏။

"ကော...စိတ်ဆိုးပြေပါတော့ ကျွန်တော်တောင်းပန်ပါတယ်"

ရိပေါ်ကဘေးမှာနေပြီး မျက်နှာငယ်လေးနဲ့တတွတ်တွတ်တောင်းပန်နေတုန်း
နောက်တော့ ဘယ်လိုမှပြောမရတော့မှန်းသိတာမို့
လက်လျော့ပြီးအခန်းထဲကထွက်ခဲ့လိုက်တော့၏။

ရိပေါ်ထွက်သွားတာသေချာမှ ရှောင်ကျန့်က
ကုတင်ပေါ်မှာထ ထိုင်လိုက်သည်။
ပြီးတော့ စာကြည့်စားပွဲဆီ တလှမ်းချင်းလှမ်းရင်း
စိတ်အစုံတို့က ကပျက်ကရက်ဖြစ်နေခဲ့၏။
ပြီးတော့ စာအုပ်တွေကြားထဲမှာဝှက်ထားတဲ့ သော့ကိုထုတ်လို့
စားပွဲရဲ့အံဆွဲလေးကို ခပ်ဖြေးဖြေးဆွဲထုတ်လိုက်သည်။
အံဆွဲ ဖွင့်လိုက်တော့ ပထမဆုံးတွေ့ရတာက
ချစ်စရာကောင်းတဲ့ပါးဖောင်းဖောင်းလေးနဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ပုံ ပုံထဲမှာ အဲ့ကောင်လေးက လက်တွေကိုဝေ့ယမ်းပြရင်း
အကြည်နူးဆုံးပြုံးပျော်နေခဲ့တာ လက်ထဲမှာလဲသူပေးထားတဲ့ အောင်မြင်ချင်းအထိန်းအမှတ်ပန်းစည်းလေးနဲ့
ဒီဓာတ်ပုံက ရိပေါ်အထက်တန်းပြီးတဲ့နောက်ဆုံးရက်မှာသူကိုယ်တိုင်ရိုက်ပေးထားခဲ့တာ အဲ့နေ့က ရိပေါ် အပေါ်မှာရှိတဲ့ သူ့ခံစားချက်တွေကို ပထမဆုံးသိမြင်ခဲ့ရတဲ့နေ့...

love dropWo Geschichten leben. Entdecke jetzt