16

96 9 8
                                    

ရှန်ဟိုင်း အမျိုးသားအထက်တန်းကျောင်း...

ကျောင်းအားလပ်ချိန်ဖြစ်ပေမဲ့ ရိပေါ် ကျောင်းခန်းထဲမှာပဲ ရှိနေတယ်
ရိပေါ်က သူငယ်ချင်းတွေဘာတွေမရှိပဲ တစ်​ယောက်တည်းနေတာများတယ်
တခါလေ သူ့ကိုလာပိုးပန်းတဲ့ မိန်းကလေးတွေကလွဲရင်
ပုံမှန်ချိန်ဆို သူတစ်ယောက်တည်းရှိနေတက်တာ
ဒါကိုသိကြတဲ့ ကျောင်းရဲ့ ဇိုးအဖွဲ့က ရိပေါ်ကို အချဥ်လေးလို့သတ်မှတ်ပြီး ပြသာနာရှာဖို့ အကြိမ်ကြိမ်ကြိုးစားကြတယ်
ဒီတစ်ခေါက်လဲ အဲ့လိုပဲ ရိပေါ် မှောက်အိပ်နေတဲ့ခုံကို ခြေထောက်နဲ့လာကန်ပြီးနှိုးတယ် ရိပေါ်က သူ့အနားရောက်လာတဲ့ လူ၃ယောက်ကို
မျက်လုံးနဲ့တချက်ပဲကြည့်ပြီးတော့ အရေးမစိုက်သလို လွယ်အိတ်ကို
ခုံပေါ်မှာ တင်ပြီး ပြန်မှောက်အိပ်နေတယ်
ဒါကိုမြင်တော့ ဇိုးသုံးကောင်ထဲက တစ်ကောင်က ရိပေါ် မှောက်အိပ်နေတဲ့ လွတ်အိတ်ကို ဆွဲလုလိုက်တယ်
လုယူလိုက်တာကြောင့် ရိပေါ်မျက်နှာတစ်ခြမ်းက ခုံနဲ့ရိုက်မိပြီးနာသွားတယ်
ဒါကြောင့်ရိပေါ်က ဒေါသထွက်သွားပြီး ခုံကိုလက်သီးနဲ့ခပ်ပြင်းပြင်းထုကာ အဲ့ကောင်ကိုမျက်စောင်းထိုးကြည့်တော့
ထိုဇိုးကောင်က မထိသလိူပြန်ကြည့်ပြီး ၃ယောက်သားလှောင်ရယ်နေကြတယ် ပြီးတော့ ရိပေါ်ရဲ့ လွယ်အိတ်ကို ကြမ်းပြင်ပေါ်အကုန်မှောက်ချပြစ်လိုက်ပြီး စာအုပ်တွေကိုခြေထောက်နဲ့ကန်တယ်
ရိပေါ် ဘာမှပြန်မပြောသေးဘူး ကြည့်နေတုန်းပဲ အဲ့နောက်တော့ ရိပေါ်ရဲ့စာအုပ်ထဲကနေ အမြဲသူ့နဲ့မကွာယူသွားနေကြ ကောရဲ့ဓာတ်ပုံလေးက ထွက်ကျလာတယ် ဒါကို ဇိုးသုံးကောင်ထဲက တစ်ကောင်ကမြင်ပြီး လှမ်းကောက်ဖို့အလုပ်မှာ ရိပေါ်ရဲ့ ခြေထောက်နဲ့ကန်ချက်က သူ့မျက်နှာပေါ်ကျရောက်သွားတယ် အဲ့နောက်ရိပေါ်က အဲ့ဓာတ်ပုံလေးကိုကောက်ပြီး

"မထိနဲ့!!!"

ရိပေါ်ရဲ့အသံက လိုရင်းတိုရှင်းဆိုပေမဲ့ ပြတ်သားမှု့တွေကအတိုင်းသား

"မင်း!!!"

မျက်နှာကိုအကန်ခံလိုက်ရတဲ့ကောင်က မကြေမနပ်နဲ့ သူ့ကိုဆွဲထိုးဖို့လုပ်တော့ ရိပေါ်က ရှောင်လိုက်ပြီး

love dropWhere stories live. Discover now