22

105 10 4
                                    

လအနည်းငယ်ကြာပြီးနောက်...

ရှောင်ကျန့်ရဲ့ လက်ထပ်ဖို့ နေ့ရက်တွေနီးကပ်လာလေ စိတ်နဲ့လူမကပ်ဖြစ်လာလေ ဖြစ်နေသည့်ရိပေါ်က ဆေးတွေကိုသာအလွန်ကျွံသုံးစွဲလာမိတော့သည်။
အဲ့ဒီနောက်မှာတော့ ဝမ်ပါးက သူ့သားရဲ့ ပျက်ယွင်းနေတဲ့ခြေလှမ်းတွေကိုအကဲခတ်မိသွားပြီး
ရိပေါ်ရဲ့ ဘဏ်အကောင့်ထဲက ငွေတွေကို စစ်ဆေးလိုက်ချိန်မှာတော့
အတော်များတဲ့ ငွေကြေးပမာဏကို သုံးစွဲထားတာကြောင့် ပိုသံသယဝင်ကာ
ဘာကြောင့် ဒီလောက်သုံးစွဲနေလဲသိရအောင် လူလွှတ်စုံစမ်းစေတော့၏။
ထိုအချိန်မှာပဲသိလိုက်ရတာက သူ့သားဝမ်ရိပေါ်ဟာ
ဆေးသမားတစ်ယောက်ဖြစ်နေပြီဆိုတာပါပဲ ဝမ်ပါးလဲသိသိချင်းအတော်လေးစိတ်ပျက်မိသွားကာ ဒီအခြေအနေကို ဘယ်လိုထိန်းချုပ်ရမလဲမသိပဲ လမ်းပျောက်နေခဲ့ပြီဖြစ်သည်။

ရှောင်ကျန့်ကို ပြောလိုက်ရင်လဲ ဒီကောင်လေးက သူ့သားအပေါ်ထားတဲ့
သံယောဇဥ်ကြောင့် စိုးရိမ်လွန်ပြီး လက်ထပ်ပွဲဖျက်လိုက်မှာစိုးရတာကြောင့်
ရှောင်ကျန့်ကိုလဲ မပြောရဲ...ထို့ပြင်သူ့ရဲ့ဝမ်လုပ်ငန်းတချို့ကလဲအရှုံးပေါ်နေပြီး ရှောင်လုပ်ငန်းစုရဲ့အမှီအတွယ်မှမရှိရင် ပြိုလဲသွားတော့မည့်
အနေအထားမို့ အရာရာက သူ့ခေါင်းပေါ်သာကျရောက်လာပေတော့သည်။
ဒါကြောင့်နောက်ဆုံးတော့ သူ့ဆုံးဖြတ်ချက်တစ်ခုချကာ
ရိပေါ်ရဲ့ ဘဏ်အကောင့်ကိုပိတ်ပြစ်လိုက်တော့သည် ။
ဒါကို သိသွားတဲ့ ရိပေါ်က ကုမ္ပဏီ ထိလိုက်ကာပြသာနာရှာတော့၏။

"ပါး ဘာလိူ့ကျွန်တော့်ဘဏ်အကောင့်ကိုပိတ်ပြစ်လိုက်တာလဲ !"

ရိပေါ်ရဲ့စိတ်ဆိုးမာန်ဆိုးအခြေအနေကြောင့် ဆေးအရှိန်တက်နေတဲ့အနေအထားမှန်း ဝမ်ပါးကောင်းကောင်းကြီးသိလိူက်သည်။
ဝမ်ပါးက သူ့ရုံးခန်းထဲမှာရှိနေတဲ့ ဝန်ထမ်းနှစ်ယောက်ကို မျက်ရိပ်ပြကာအပြင်ထွက်စေပြီး

"ဘာဖြစ်လာတာလဲ သားဝမ်"

"ပါး...ကျစ်! ကျွန်တော့်ဘဏ်အကောင့်ကို ဘာကြောင့်ပိတ်ပြစ်ရတာလဲ"

"ဘာကြောင့်လဲ ဟုတ်လား...
ပါးထပ် သားကပိုသိသင့်တာပေါ့"

"ပါး...ပါးဘာကိုဆိုလိုချင်တာလဲ"

love dropWhere stories live. Discover now