5

140 11 0
                                    

ရိပေါ်မနက်နိုးလာတဲ့အချိန်မှာတော့ ရှောင်ကျန့်ကရှိမနေတော့
ကောအိပ်ခဲ့တဲ့ခေါင်းအုံးပေါ်မှာ စာရွက်ကလေးတစ်ရွက်ကိုစမ်းမိတာကြောင့်
သိပ်မပွင့်သေးတဲ့ မျက်ဝန်းအိမ်များကိုပွတ်သတ်ကာ ဖတ်ကြည့်လိုက်သည်။

📜အမူးပြေ ဟင်းရည်လုပ်ပေးထားတယ်
သောက်လိုက်ဦး တော်ကြာခေါင်းကိုက်နေမယ်📜

ထိုစာကိုဖတ်ပြီးတော့ ရိပေါ် မျက်နှာထပ်
အပြုံးတစ်ပွင့် ချိတ်ဆွဲမိသည်။
ထို့နောက် ဘေးကစာကြည့်စားပွဲပေါ်အကြည့်ပို့မိတော့
အငွေ့တထောင်းထောင်းထနေသော ခပ်နွေးနွေးရှိနေသေးသည့်
ဟင်းရည်တစ်ပန်းကန်...

"ဟင်းဟင်း ကောကချစ်စရာလေး..."

မနက်ခင်း ထမင်းစားဝိုင်းမှာတော့

"ဝမ်လေး မနေ့ညက ဘယ်အချိန်ပြန်ရောက်တာလဲ"

"နည်းနည်းနောက်ကျတယ် ပါး"

"နောက်ကျတာသိတယ်ဘယ်အချိန်လဲ"

"၁၁နာရီလောက်"

"ဘယ်ရောက်နေတာလဲ"

ရိပေါ် သူ့ ပါးရဲ့အကြည့်စူးစူးကြောင့်
ရှောင်ကျန့်ကိုစစ်ကူတောင်းသလိူကြည့်မိသည်။
ရှောင်ကျန့်က သူနဲ့မဆိုင်သလို မနက်စာသာငုံ့စားနေတာကြောင့်
ရိပေါ်နှုတ်ခမ်းလေးအနည်းငယ်ဆူလာ၏။
ဒါကိုမျက်လူံးထောင့်ကနေ မြင်နေရတဲ့ ရှောင်ကျန့်က
ခပ်ကြိတ်ကြိတ်ရယ်နေတော့သည်။

"ချူးမင်တို့ဆိုင်ပါ ပါး"

ရိပေါ်ပါးက အရက်သောက်တာမကြိုက်တာမို့
ချူးမင်တို့ ဂိမ်းဆိုင်မှာရှိနေတယ်လို့လိမ်လိုက်ရသည်။
ချူးမင်က ပါး ဘယ်အချိန်မေးမေး ညှိ့စရာမလိုအောင်
ဟာကွက်မရှိ လိမ်ပေးတက်သည်။ မျက်စောင်းနဲ့ကြည့်လာတဲ့
ကောကိုတော့ မျက်နှာငယ်လေးလုပ်ပြထားရ၏။

"နောက်တစ်ခါနောက်မကျစေနဲ့"

"ဟုတ်ကဲ့"

ပါးကပြောပြီးတာနဲ့ မနက်စာစားချင်းကိုအဆုံးသတ်ကာ
ကုမ္ပဏီ ကိုထွက်သွားတော့၏။
ထိုတော့မှ

"ကောလဲဆေးရုံသွားတော့မယ် "

"ကော"

ရှောင်ကျန့်ကဘာလဲဆိုသောမျက်နှာဘေးနဲ့ မျက်ခုံးပင့်ပြ၏။

love dropDonde viven las historias. Descúbrelo ahora