9 zg

47 2 0
                                    

မေလင်း ဆိုင်ထဲမှာ ၁၀မိနစ်လောက်ထိုင်စောင့်လို့အပြီးမှာတော့
သူ့ဆီကို ယောက်ျားတစ်ယောက်ရောက်ရှိလာခဲ့သည်။

"မင်းက မေလင်း ဟုတ်ပါတယ်နော်"

"ဟုတ်ပါတယ် ရှင်က မုခ်န်ဆိုတာ..."

"ဟုတ်ပါတယ် ကျွန်တော်ပါပဲ မိန်းကလေးပိုင်မေလင်း
အချိန်ရရင် ကျွန်တော်တို့အေးဆေးစကားပြောကြတာပေါ့ "

ထိုလူက သူတပ္ထားတဲ့ နေကာမျက်မှန်ကိုချွတ်ကာ မေလင်းနဲ့မျက်နှာချင်းဆိုင်က ထိုင်ခုံမှာ စမတ္က်က် ဝင်ထိုင်လိုက်ရင်း
ဆိုလာ၏။

"ဟုတ်ကဲ့ အချိန်ရပါတယ် ဒါနဲ့ ဖုန်းထဲမှာပြောထားတဲ့
မောင်နဲ့ပတ်သက်တဲ့ကိစ္စပြောစရာရှိတယ်ဆိုတာ ဘာမ်ားလဲ..."

..........................

ဒေါက်...ဒေါက်

"မောင်..."

"အော် မေလင်း ဝင်ခဲ့လေ "

ရှောင်ကျန့် သူ့လူနာရဲ့ဓာတ်မှန်တချို့ကိုကြည့်နေရင်းမှ
တံခါးခေါက်သံနဲ့အတူ မေလင်းရဲ့ခေါ်သံကိုကြားလိုက်တာကြောင့်
မော့ကြည့်ကာ ဝင်လာခိုင်းလိုက်သည်။ သူမမျက်နှာက အနည်းငယ်ညှိုးနွမ်းနေသည်မို့ မနက်ကကိစ္စစိတ်ဆိုးနေသည်အထင်နဲ့ရှောင်ကျန့်က...

"ခုနက မေလင်းကိုတကယ်တောင်းပန်ပါတယ်နော် ရိပေါ်ကအတင်းဆွဲခေါ်သွားတော့ နှုတ်ဆက်ချိန်တောင်မရလိုက်ဘူး
မောင်လဲဂျူတီရှိသေးလို့ ပြန်ဝင်လာပြီးနှုတ်မဆက်တော့တာ ..."

ရှောင်ကျန့်က တောင်းပန်စကားပြောနေတူန်းမှာပဲ မေလင်းကသူ့ခါးထပ်ဖက်တွယ်လာ၏။ မျက်နှာကိုလဲ သူရင်ခွင်ထဲဝှက်ထားတာကြောင့်
ကိစ္စတစ်ခုခုရှိနေမှန်းတော့ ရှောင်ကျန့်သိလိုက်သည်။

"ဘာဖြစ်လာတာလဲ မေလင်း"

" အရမ်းဝေးကွာနေသလိုခံစားနေရလို့ပါ
မောင်...မေလင်းတို့ အမြန်ဆုံးလက်ထပ်ကြရအောင်"

"ဟင်..."

"မေလင်း...မေလင်း မောင့်ကိုသိပ်ချစ်တယ် အဆုံးရှုံးလဲမခံနိုင်ဘူး
မောင်လဲမေလင်းကိုချစ်တယ်မဟုတ်လားဟင်"

ချစ်သူမိန်းကလေးရဲ့မျက်နှာက ပြိုတော့မဲ့မိုးလိုဖြစ်နေတော့ ရှောင်ကျန့်စိတ်ပူသွားရသည်။

love dropUnde poveștirile trăiesc. Descoperă acum