28 zg

52 1 0
                                    

ရှောင်ကျန့်နဲ့မေလင်းဟာ နှစ်ဖက်သောမိဘဧည့်ပရိတ်သတ်များရှေ့
ဂတိသစ္စာပြုပြီးနောက် လက်ထပ်လက်စွတ်လည်လှယ်တော့မည့်အချိန်မှာ
ရှောင်ကျန့်က သူ့ဘေးပတ်ဝန်းကျင်ကို နောက်ဆံတင်းစွာ လှည့်ကြည့်မိသည်။
ထိုအခါသူရှာနေသောတစ်စုံတစ်ယောက်ကို တွေ့လိုက်ရ၏။
ရှောင်ကျန့် စိတ်ထင်နေလို့လားမသိပေမဲ့
ရိပေါ်မျက်ဝန်းတွေက ငိုထားသည့်ဟန်ထင်ရသည်။
ရှောင်ကျန့် သူ့စိတ်ကို မနည်းအားတင်းကာ လက်ထပ်လက်စွတ်ဝတ်ပေးဖို့
မေလင်းရဲ့ဘယ်ဘက်လက်လေးကို ကမ်းလိုက်၏။
လက်စွတ်လေးက မေလင်းရဲ့ လက်သကြွယ်ထံ ရောက်ရှိခါနီးမှာတင်
ခမ်းမထဲကို ရဲများဝင်ရောက်လာကြသည်။

ထိုအခါ အားလုံးက မျက်လုံးပြူးမျက်စံပြူးဖြင့် စူးစမ်းလာကြ၏။
ရဲတွေထဲက အရာရှိဖြစ်ဟန်တူတဲ့သူက ရိပေါ်ရဲ့ပါးရှိရာဆီ
လျောက်သွားလိုက်ပြီး ကဒ်တစ်ခုကိုထုတ်ပြကာ

"ကျွန်တော်က ရဲအရာရှိပါ ခဗျားကိုတရားစွဲဆိုသူရှိထားလို့
စစ်ဆေးဖို့လာရောက်ခေါ်ဆိုတာပါ အရေးကြီးတဲ့နေ့မှအခုလိုလုပ်ရလို့အားနာပေမဲ့ ကျေးဇူးပြုပြီးကျွန်တော်တို့နဲ့ပူးပေါင်းပေးပါ"

ဝမ်ပါးက စင်မြင့်ပေါ်က ရှောင်ကျန့်အား အားနာသလိုတစ်ချက်လှည့်ကြည့်ပြီး ရဲတွေရဲ့ ခေါ်ဆောင်ရာနောက်လိုက်သွားတော့သည်။

ထို့နောက်တော့ လက်ထိတ်မခတ်ပါပဲ ရဲနှစ်ယောက်က တစ်ဖက်တစ်ယောက်ခြံရံလို့ သူတို့ကားနဲ့သာခေါ်သွားတာကြောင့် ပွဲထဲရှိ ဧည့်ပရိတ်သတ်အားလုံးက
သို့လောသို့လောစဉ်းစားကုန်ကြ၏။ ထိပ်တန်းစီးပွားရေးသမားတစ်ယောက်မို့ပွဲထဲရှိ မီဒီယာသမားတွေရဲ့အကွက်သာဖြစ်လာတော့သည်။

ထိုအချိန်မှာပဲ ရိပေါ်ရဲ့ ခေါင်းတွေဟာ
ချာချာလည်အောင်မူးနောက်လာခဲ့ပြီးနောက်
တဖြေးဖြေးအသက်ရှူတွေပါကြပ်လာပြီး
ဘယ်ဘက်ရင်အုံက စူးအောင့်လာတော့သည်။
သိပ်မကြာခင်မှာပဲ လက်ထဲက ဝိုင်ခွက်လေးက ပြုတ်ကျသွားပြီးနောက်
ရှောင်ကျန့်ရဲ့စိုးရိမ်တကြီးအော်သံနဲ့အတူ သူဟာ လေဟာနယ်ထဲပြုတ်ကျသွားတော့သည်။
ထိုအချိန် လက်ထဲကဆေးပုလင်းလေးကို တင်းတင်းဆုတ်ကိုင်လို့
ကျေနပ်ပြုံးများနဲ့ မုချန်ဟာ မီဒီယာတွေသတိမထားမိခင်
ခမ်းမထဲကနေ တိတ်တိတ်လေးထွက်သွားတော့၏။
ရှောင်ကျန့်ရဲ့လက်ထပ်ပွဲဟာလဲ ပျက်ဆီးသွားပြီးနောက်
နေ့ချင်းညချင်း ဝမ်လုပ်ငန်းစုဉက္ကဌဖမ်းဆီးစစ်ဆေးခံရတဲ့သတင်းနဲ့
ရှောင်လုပ်ငန်းစုခွဲထွက်တဲ့သတင်း ရှောင်သခင်လေးရဲ့လက်ထပ်ပွဲပျက်တဲ့သတင်းတွေဟာ ဆိုရှယ်မီဒီယာတစ်လျောက်ပလူပျံကာပြန့်နှံ့သွားလေတော့သည်။

love dropWhere stories live. Discover now