27

100 6 3
                                    

ရှောင်လုပ်ငန်းစုဟာ ဝမ်လုပ်ငန်းစုကနေခွဲထွက်သွားတဲ့သတင်းက နေ့ချင်းညချင်း တရုတ်နိုင်ငံအနှံ့အပြားမှာပျံ့နှံ့သွားပြီးနောက်
စီးပွားရေးလုပ်ငန်းရှင်တွေကြား ကယက်ရိုက်သွားခဲ့တယ်
တချို့ကလဲ ရှောင်သခင်လေးကလက်ထပ်တော့မှာမို့
ဝမ်သခင်ကြီးက သဘောထားကြီးစွာနဲ့ခွဲထွက်ခွင့်ပြုလိုက်တယ်လို့ဆိုကြပြီး
တချို့ကတော့ ရှောင်သခင်လေးက ကျေးဇူးမသိတက်ပါပဲ ဝမ်လုပ်ငန်းစုပြိုလဲချိန်မှခွဲထွက်သွားတယ်လို့ ဆိုကြတယ်
ထိုသို့သော် အယူအဆအမျိုးမျိူးကြားမှာ ရှောင်ကျန့်က ဘာဖြေရှင်းချက်မှမပေးခဲ့သလို
ရှောင်လုပ်ငန်းစုကိုလက်လွှဲဆက်ခံဖို့လဲ အာရုံမထားခဲ့ဘူး
ထိုအတူ ဝမ်သခင်ကြီးကလဲ မှားသည်မှန်သည် တစ်ခုမှထုတ်ဖော်မပြောခဲ့ပဲ
မီဒီယာတွေစိတ်တိုင်းကျ စီးပွါးရေးလုပ်ငန်းရှင်တွေအလိုကျ
ဝေဖန်ခွင့်ပြုထားလိုက်တယ်
အခုဆို ရှောင်ကျန့် လက်ထပ်ဖို့ နှစ်ရက်သာလိုတော့တယ်
ဒီအချိန်မှာပျော်နေရမဲ့အစား သတိုးသား သတိုးသမီးနှစ်ယောက်လုံးက
မျက်နှာချင်းတောင်မဆုံဖြစ်ကြဘူး
မင်္ဂလာဝတ်စုံရွေးပြီးတဲ့နေ့က စလို့
မေလင်းဟာလဲရှောင်ကျန့်ဘက်ကိုမဆက်သွယ်ခဲ့သလို
ရှောင်ကျန့်ကလဲ ကိစ္စတော်တော်များများရှုပ်ထွေးနေတာကြောင့်
မေလင်းကိုဆက်သွယ်ဖို့မေ့လျော့နေခဲ့တယ်

လက်ထပ်ပွဲနေ့...

ရှောင်ကျန့်က အခန်းထဲမှာပဲလော့ချပြီး တချိန်လုံးအပြင်ထွက်မလာတော့တဲ့ရိပေါ်ကို စိတ်ပူနေတာကြောင့် လက်ထပ်ပွဲအတွက်ရင်မခုန်နိုင်ဘူး
တစ်ဖက်မှာလဲ မေလင်းက ဟိုတယ်မှာအခမ်းအနားစနေပြီဖြစ်တာမို့
ရှောင်ကျန့်ဆီအဆက်မပြတ်ဖုန်းတွေဆက်တိုက်ကိုခေါ်နေခဲ့တယ်
ရှောင်ကျန့်ကတော့ တတူတူမြည်နေတဲ့ဖုန်းကိုလစ်လျူရှု့လို့ သူ့အခန်းနဲ့မျက်နှာချင်းဆိုင်က ရိပေါ်အခန်းကိုသာ ကြောင်ကြောင်လေးငေးကြည့်နေခဲ့ပြီး သူ့ဆုံးဖြတ်ချက်တွေ မှန်ကန်ရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်နေခဲ့တယ်

ဒေါက် ဒေါက်...

"ရိပေါ်...ကောပါ ခဏလောက်ထွက်ခဲ့လို့ရမလား "

love dropWhere stories live. Discover now