12

120 8 18
                                    

မေလင်းက မုချန်ဆီကိုစာအိတ်ထုတ်ပြစ်ပေးလိုက်ရင်း

"ကျမအတွက် ငွေမလိုဘူး မောင့်ပဲလိုတာ"

မုချန်ကဧည့်ခံပေးသောလက်ဖက်ရည်ပန်းကန်ကို ကိုင်မြှောက်ထားရင်း

"မင်း သူ့အနားကိုကပ်နေတာလဲ ငွေကြောင့်ပဲမဟုတ်ဘူးလား"

"ရှင်!!!"

"အဟက် ငါ့ကိုဘာမှမသိဘူးထင်နေတာလား
မင်းမိသားစုက ဝမ်အိမ်တော်ကသားဆိုတာနဲ့ လက်ခံလိုက်ပြီးတော့
မင်းကတော့သူ့ရဲ့ပိုင်ဆိုင်မှု့တွေကြောင့်
လက်မလွှတ်နိုင်ဖြစ်နေခဲ့တာလေ
ပြီးတော့ မင်းသူနဲ့တွဲပြီး တစ်နှစ်ကျော်ကျော်လောက်မှာ တခြားတစ်ယောက်နဲ့လဲတွဲလိုက်သေးတယ်မဟုတ်လား "

"ရှင်...ဒါတွေကိုဘယ်လိုလုပ်ပြီး..."

"ငါ မင်းကိုအခွင့်အရေးပေးမယ် ငါပေးတဲ့ငွေကိုလက်ခံပြီး မင်းဘာသာမင်းရှောင်ထွက်သွားမလား
မင်းရဲ့ သတိုးသားလောင်းရှေ့မှာ အရှက်ကွဲခံမလား ဒါပဲရွေး"

မုချန်က ပြောစရာကုန်သွားသည့်အလား ထ ထွက်သွားတော့၏။
မေလင်းကတော့ ကြမ်းပြင်ပေါ်ကျနေတဲ့စာအိတ်ကိုတလှည့် စားပွဲပေါ်မှာတင်ထားတဲ့ သူနဲ့ရှောင်ကျန့်ရဲ့စုံတွဲပုံလေးကိုတလှည့် ကြည့်ကာဝေခွဲရခက်နေတော့သည်။

..............

မုချန် မေလင်းရုံးခန်းထဲကထွက်လာတော့ ရေးကြီးတကြီးပုံစံနဲ့ ဓာတ်လှေခါးက နံပါတ်တွေကိုနှိပ်နေတဲ့ သူ့ရဲ့သခင်လေးရှောင်ကိုတွေ့လိုက်ရသည်။
သခင်လေးရှောင်ရဲ့ပုံစံက တုန်တုန်ရီရီဖြစ်နေတာကြောင့်
စိတ်ပူသွားကာ အနောက်ကနေ အမြန်ပြေးလိုက်ရတော့၏။
ဓာတ်လှေခါးထဲအရောက်မှာတော့ ငုတ်တုတ်လေးထိုင်ကာ တုန်တုန်ရီရီဖြစ်နေတဲ့သူ့ကိုမြင်သွားပြီး...

"သခင်...ရှောင်ကျန့် ခဗျားအဆင်ပြေရဲ့လား"

သူမေးတော့ မော့ကြည့်လာတဲ့မျက်ဝန်းတစ်စုံက
မျက်ရည်တွေနဲ့မို့ မုချန်ပိုတိုးလို့စိတ်ပူသွာကာ

"ဘာဖြစ်တာလဲ!!!"

သူပါလိုက်ထိုင်ရင်း ရှောင်ကျန့်ရဲ့လက်မောင်းတွေကိုဆုတ်ကိုင်မိ၏။

love dropWhere stories live. Discover now