29

139 7 3
                                    

ရှောင်ကျန့် ညသန်းခေါင်အိပ်မောကျနေတုန်း
အခန်းတံခါးကို တစ်ဒုန်းဒုန်းလာထုတဲ့အသံကြောင့် လန့်နိုးသွားခဲ့ရသည်။
ရှောင်ကျန့်လဲ အမြန်ထကာ တံခါးဖွင့်ပေးလိုက်တော့
အိမ်တော်ထိန်း ဦးလေးကြီးဖြစ်လို့နေ၏

"ဘာဖြစ်လို့လဲ ဦးလေး"

"သခင်လေးရှောင်...!
သခင်လေးရိပေါ် က အခန်းတံခါးကိုအတွင်းကနေ
တစ်ခုခုနဲ့ပိတ်ထားတယ်
ကျွန်တော်ဖွင့်ဖို့ကြိုးစားပေမဲ့မရဘူး
ပြီးတော့ အထဲကနေလဲ ပစ္စည်းကျကွဲသံတွေ ဆက်တိုက်ကြားနေရတယ်"

အိမ်တော်ထိန်းရဲ့အပြောကြောင့် ရှောင်ကျန်လဲစိတ်ပူသွားရသည်။
သို့နှင့် ရိပေါ်အခန်းဆီအမြန်လိုက်သွားကာ

"ဒုန်းဒုန်း! !! ရိပေါ် ကောပါ တံခါးဖွင့်ပေး!!!
ရိပေါ်!!!"

ရှောင်ကျန့်ကသူ့အားနဲ့ အခန်းတံခါးကို တွန်းတိုက်ကြည့်ပေမဲ့နည်းနည်းမျှမရွေ့တာကြောင့် ပို၍စိတ်ပူကာ တံခါးဖွင့်နိုင်ရန်အတင်းကြိုးစားနေမိ၏။
အဲ့ဒီနောက်မှာတော့ အိမ်တော်ထိန်းယူလာတဲ့ မာကျောတဲ့ သံတုတ်တစ်ချောင်းနဲ့ ရိုက်ဖွင့်လိုက်မှသာ တံခါးက ကျိုးပြီး အခန်းထဲကိုဝင်လို့ရသည့် အပေါက်အသေးလေးတစ်ပေါက်ရရှိလာ၏။
ရှောင်ကျန့်က လူကောင်သေးတာကြောင့် ထိုအပေါက်မှတဆင့်
အနည်းငယ်တိုးဝင်ကာ တံခါးကိုကန့်ထားသည့် စားပွဲခုံအား တွန်းကန်ပြစ်လိုက်တော့သည် ထိုအခါမှ အပြင်ကနေအပေါက်ဖွင့်လို့ရသွားပြီး
သူနဲ့အိမ်တော်ထိန်းနှစ်ယောက်လုံးစိုးရိမ်တကြီးနဲ့ရိပေါ်ကိုရှာရတော့၏။
ရိပေါ်က တစ်ကိုယ်လုံးတုန်ယင်ကာ လည်ပင်းနဲ့လက်ပြင်တစ်လျောက် ကုတ်ဖဲ့လို့နေသည်။
ပါးစပ်ကနေလဲ သူ့ဆေးကိုသာပေးဖို့အကြိမ်ကြိမ်တောင်းဆိုလို့နေ၏။
ဒီပုံကိုမြင်တော့ ရှောင်ကျန့်မှာလန့်ဖြန့်သွားရသည်။ထို့နောက် ရိပေါ်အနားသွားဖို့လုပ်ပေမဲ့ အိမ်တော်ထိန်းဦးလေးကြီးရဲ့ဆွဲထားမှု့ကြောင့် သူ့မှာငိုနေရုံသာတက်နိုင်တော့သည်။
သိပ်မကြာခင်မှာတော့ ရိပေါ်က အခြေအနေထိန်းမရဖြစ်ကာ
သူ့ကိုသူထိခိုက်အောင်ပါအမျိုးမျိူးလုပ်ဆောင်လာသည်မို့
ရှောင်ကျန့်နဲ့ အိမ်တော်ထိန်း နှစ်ဦးသား ဖမ်းချုပ်ကာ စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးလိုက်ရသည်။
ရိပေါ်က ဆေးရှိန်တက်ကာ တဖြေးဖြေး ငြိမ်သွားတော့မှ ရှောင်ကျန့်လဲ သက်ပြင်းချနိုင်တော့၏။
ထိုအခါမှ ရိပေါ်ဘာကြောင့် ရုတ်တရက်ထဖောက်ရသလဲဆိုသည့်အကြောင်းအရင်းကိုရှာဖွေကြည့်တဲ့အခါ အခန်းရဲ့နံရံထောင့်မှာ အရှိန်ပြင်းပြင်းနဲ့ပြစ်ခွဲခံထားရတဲ့ ရိပေါ်ရဲ့ဖုန်းကိုတွေ့လိုက်ရတော့သည်။
ရှောင်ကျန့်လဲ ရိပေါ်ဘာတွေများ ဒေါသထွက်သွားသလိုသိချင်စောဖြင့်
ကွဲအက်နေသော ဖုန်း​​လေးအားဖွင့်ကြည့်တော့
ဝမ်လုပ်ငန်းစု ဉက္ကဌ ဝမ်သခင်ကြီးအား လွန်ခဲ့သည့် နှစ်၂၀ကေျာ်က လူသတ်မှု့ဖြင့် ပြန်လည် တရားစွဲဆိုကြောင်း အတည်ပြု ဆိုသည့်ခေါင်းစဥ်နဲ့အတူ
ဝမ်သခင်ကြီးကို အတည်ပြုတရားစွဲဆိုပြီ ဖြစ်ကြောင်း
သတင်းများတက်လာခဲ့တော့သည်။

love dropTahanan ng mga kuwento. Tumuklas ngayon