18 zg

30 2 0
                                    

ရှောင်ကျန့်နဲ့ မေလင်းရဲ့ ချစ်ရိပ်လွှမ်းနေတဲ့ မြင်ကွင်းက
ရိပေါ် ရဲ့ မျက်ဝန်းကနေတဆင့် ရင်ဘက်တစ်ခုလုံးကို
တမြေ့မြေ့စူးနေမဲ့ မြှားတစ်ချောင်းအနေနဲ့ဝင်ရောက်သွားတယ်

ရိပေါ် မျက်လုံးတစ်ခုလုံးနီမြန်းနေပြီး ရင်ဘက်ထဲမှာဗလာကျင်းသွားတယ်
သူဒီကို အားတင်းပြီးရောက်လာခဲ့တာ ဒီလိုမြင်ကွင်းမျိုး မြင်ရဖို့မဟုတ်ဘူး
ဖြစ်နိုင်ရင်အခုချက်ချင်း ကောအခန်းထဲဝင်သွားပြီး ဖတ်တွယ်ထားတဲ့လူနှစ်ယောက်ကိုဆွဲခွာပြစ်ချင်တယ် ဒါပေမဲ့လဲ သူမလုပ်ရက်ပြန်ဘူး
ကောက သူချစ်တဲ့မိန်းကလေးနဲ့ပျော်နေတာလေ သူကတားမြစ်ပိတ်ပင်လို့မှမရတာ

ကြည့်ရတာ ဒီဘဝတော့ ရိပေါ်အတွက် ကောရဲ့ရင်ဘက်ထဲမှာ နေရာမရှိတော့ဘူးထင်ပါရဲ့...
သူကတော့ချစ်ရပေမဲ့ ကောကတော့ တကယ့်ကိုမှသူ့အပေါ်ဖြူစင်ခဲ့ပုံပါပဲ

အိမ်ပြန်လာတဲ့ လမ်းတလျောက်လုံး ရိပေါ်အတွေးတွေထဲနစ်မျောနေခဲ့တယ်
ဘေးနားက ဖြတ်တိုက်သွားတဲ့လေတိုးသံတဝီဝီက ဆိုင်ကယ်အရှိန်ကြောင့်ထင်တယ် အသားတွေကို တဖျက်ဖျက်ရိုက်ခတ်နေတယ်
စပ်ဖျင်းဖျင်းခံစားရပေမဲ့ အဲ့ဒီ့အရသာကိုရိပေါ်သဘောတွေ့နေတယ်
နာကျင်ရပေမဲ့ သည်းခံနိုင်တဲ့အနေအထား ပြီးတော့ အကြောင်းပြချက်လဲခိုင်ခိုင်လုံလုံရှိတယ်
ရင်ဘက်ထဲက စပ်ဖျင်းဖျင်းခံစားချက်ကတော့ ပြစရာလဲဒဏ်ရာမရှိဘူး
ပြောစရာလဲအကြောင်းပြချက်မရှိဘူး ပြီးတော့ အော်ဟစ်ငိုကြွေးပြစ်လို့လဲမရဘူး

ရိပေါ် ဖြစ်စဉ်တွေကို သေချာပြန်စဉ်းစားနေမိတယ်
သူ ကောကိုတောင်းပန်ဖို့အိမ်ပြန်လာတော့ ကောကအိမ်မှာမရှိနေတော့ဘူး
ဆေးရုံသွားတယ်ဆိုလို့ သူဆေးရုံကို လိုက်သွားဖို့ပြင်လိုက်ပြီးမှ
တစ်ခုခုကို သတိရကာ အပေါ်ထပ်ကအခန်းဆီ အရင် ဦးတည်လိုက်တယ်
သူ့ကုတင်ရဲ့အံခွက်ထဲမှာ ထည့်ဖွက်ထားတဲ့ ဒေါ်လာနဲ့ပေးဝယ်ထားရတဲ့ဆေးပုလင်းလေးကို ပြုံးပြုံးကြီး အဖုံးဖွင့်လိုက်တယ်
ပြီးတော့ အသက်ကိုဝ ဝရှူပြီး သန့်ဇင်ခန်းထဲက ဘိုထိုင်အဖုံးကိုဖွင့်လို့
အကုန်လောင်းချပြီးရေဆွဲချလိုက်တယ်
ပုလင်းကိုလဲ အမှိုက်ပုံးထဲထည့်ပြစ်လိုက်ပြီး သဘောတကျပြုံးလိုက်ကာ
ခံစားချက်တွေကောင်းမွန်နေမှန်း သူ့ကိုယ်တိုင်ခံစားနေရတယ်

love dropWhere stories live. Discover now