အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 1 ]

1.7K 26 3
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 1 ]



" နန်းကလည်း အဲ့ဒီလိုတော့ မလုပ်နဲ့လေ။
ကိုယ်ကမှ နန်းနဲ့ လျှောက်လည်ချင်လို့
စီစဉ်ထားတာကို။ အခု နန်းက
မလိုက်ဘူးဆိုတော့ ကိုယ်က ဘယ်လိုလုပ်ရမှာလဲ။ "

" တစ်ယောက်တည်း သွားပေါ့။ "

" အဲ့ဒီလိုကြီးတော့ မလုပ်နဲ့လေ နန်းကလည်း...
လိုက်ခဲ့နော်။ "

" အတင်းအကြပ် မတောင်းဆိုနဲ့ နေရဲ...!
အစကတည်းက ငါ ပြောပြီးသား..
နန်းမိုင်သဲခေတ် နဲ့ တွဲမယ်ဆိုရင်
ဒီလိုတွေ ခံနိုင်ရည် ရှိလို့...!
အခုလိုတွေ လုပ်တာ ငါ မကြိုက်ဘူး။ "

" ကိုယ် တောင်းပန်ပါတယ် နန်း...
နောက်တစ်ခေါက်မှ သွားကြတာပေါ့။ "

" နောက်တစ်ခေါက်လည်း မရှိဘူး။
ငါ စိတ်ပါမှ နင် သွားရမယ်။  စောင့်နိုင်ရင်
စောင့် မစောင့်နိုင်ရင် ပြတ်လိုက်တော့..."

" ဟင့်အင်း ကိုယ် နန်းနဲ့ မပြတ်ဘူး။
စောင့်ဆိုလည်း စောင့်ပါ့မယ်။ "

" ဦးခေတ်လူရဲ့  သမီးကတော့ အံဖွယ်ပါလား။
ရုပ်ကလေးကလည်း လှသလို ကောင်လေး
တွေကလည်း သူ့မှသူပဲ။ တော်တော်
လှတယ်နော် ထိဘွား "

တစ်ဖက်ဝိုင်းက လူနှစ်ယောက်ကို ကြည့်ပြီး
ပြောလာတဲ့ စိုင်းနောင် စကားကို
ထိဘွား ပြန်မဖြေဘဲ ငြိမ်သက်နေလိုက်သည်။

ဒီလို မိန်းကလေးတွေဆိုရင် သူ ကြည့်မရဘူး။
မိန်းကလေး သိက္ခာမရှိတဲ့အပြင် အခုလို
နေတဲ့ မိန်းကလေးတွေဆို ထိဘွား
မကြိုက်ဘူး။

ရုတ်တရက် သူ့ကို ကြည့်လာသော
ဦးခေတ်လူရဲ့ သမီးကြောင့် ထိဘွား
အာရုံကို ဖုန်းဆီသာ ပို့ထားလိုက်တော့သည်။

ဒီကောင်မလေးကို အခုမှ မြင်ဖူးတာဆိုပေမဲ့
ဦးခေတ်လူနဲ့ကတော့ စီးပွားရေးမှာ
ရင်းနှီးကြတဲ့လူတွေပါ။

အဖေ့ နာမည်နဲ့ နာမည်ကြီးနေတဲ့ ဒီကောင်မလေး
သတင်းတွေကိုလည်း ထိဘွား ခဏခဏ
ကြားနေပေမဲ့ အခုမှပင် ဆုံလိုက်ရတော့သည်။
သတင်းတွေက တစ်ခုမှမကောင်းတော့
အဲ့ဒီကောင်မလေးကိုလည်း သူ လုံးဝ
မနှစ်မြို့မိ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now