အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 6 ]

191 10 0
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 6 ]

" ဟုတ်တယ် စိုင်းရေ... ဒီဟာမက
စိုင်း သူငယ်ချင်းကို စိတ်ဝင်စားနေတာ။
အဲ့တာ စိုင်း ကူညီပေးလိုက်ပါအုံး။ "

" တကယ်လား ညီမလေး...? "

နန်းမိုင် ဆံပင်ကို သပ်လိုက်ကာ မြင်နေရသော
ဦးမင်းထိဘွားကိုလည်း ကြည့်လိုက်ကာ
ပြုံးပြုံးကြီးနဲ့ ခေါင်းညိတ်မိသွားသည်။

" ဟာ တကယ်ကြီး ဖြစ်နေတာပေါ့။
နှမြောလိုက်တာ ညီမလေးရာ။ထိဘွားလို
ကောင်​ကိုမှ သွားကြိုက်ရတယ်လို့။
ဒီကောင်က သောက်ကျင့်ကောင်းတာ
မဟုတ်ဘူး။ ကိုစိုင်းကမှ ကောင်းတာ။ "

" ကိုစိုင်းနော်။ "

" စတာပါ ညီမလေးကလည်း....."

" ကျတော့်ကို စ စိုင်း... ကျတော်က
စိုင်း ဘာစစ လက်ခံပေးမှာ။ "

" ဟီးဟီး မယုံနဲ့ ကိုစိုင်း..!
ရမ်က လွယ်တာ မဟုတ်ဘူး။ "

" နန်းမိုင် နင်နော်။ စောက်ကျင့်မယုတ်နဲ့။
နင်လည်း ငါ ကူညီပေးထားတာကို။
နောက်တစ်ခါ ငါ မကူညီဘဲ နေမှာ။ "

" နေပေါ့... "

နန်းမိုင် လျှာထုပ်ကာ ပြောင်လိုက်ပေမဲ့
ရမ်က နှုတ်ခမ်းကြီးဆူစွာ ဖြစ်နေတော့
ပိုပြီး ရယ်နေရ၏ ။

သူငယ်ချင်း နှစ်ယောက်ဖြစ်ပျက်နေပုံကို
ကြည့်ပြီးလည်း စိုင်းနောင်သည် သဘောကျကာ
ပြုံးနေလေ၏ ။

" စိုင်းက ရယ်နေရင် ချောလိုက်တာ။ "

" မြှောက်ပြီ ရမ်ကတော့ "

" မမြှောက်ပါဘူးနော် စိုင်းကလည်း... ကျတော်က
ချောလို့ ချောတယ်ပြောတာ။ "

" အင်း... ထားပါတော့။ ညီမလေး
ထိဘွား လာ​တော့မယ်​ "

ကိုစိုင်းရဲ့ သတိပေးမှုကြောင့် နန်းမိုင်
ထိုင်နေရာကနေ ထရပ်လိုက်မိတော့သည်။

" ကျေးဇူးနော် အစ်ကိုထိဘွား... "

" ရပါတယ် နောင်နောင်ရာ။ "

" ဒါဆို ကျတော် ပြန်ပြီနော် အစ်ကို.. "

" အေးအေး.... "

ဦးမင်းထိဘွား ကို နှုတ်ဆက်နေတဲ့
နောင်နောင် ဆိုသူက နန်းမိုင်ကို
ခဏခဏ လှမ်းကြည့်နေလေသည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now