အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 25 ]

240 15 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 25 ]

" ညကြီး မင်းသူငယ်​ချင်းနဲ့ အပြင် ထွက်သွားရ​အောင်
မင်းကိုယ်​မင်း မိန်းက​လေးဆိုတာ
မေ့​နေတာလား  နန်းမိုင်သဲခေတ်...? "

အပြစ်ပြောချင်နေတဲ့သူကတော့ နန်းမိုင် အခန်းထဲ
ဝင်လာတာနဲ့ အော်တိုပြီးသားပင်။
လူကိုလည်း ခါးကြီးထောက်ကာ ကြည့်နေလေသည်။

" ​ဆောရီး....ရမ်​နဲ့က ဒီလိုပဲထွက်​​နေကျ​ဆို​တော့ " 

" အနေအထိုင်ဆင်ခြင်ပါ နန်းမိုင်သဲခေတ်
လက်မထပ်ခင်နေ့ကတည်းက မင်းကို
ငါ ပြောထားတယ်နော်။မင်းကြောင့်
ငါ့ သိက္ခာ​တွေအကျမခံနိုင်ဘူး။  "

ဘာဆိုဘာမှမဖြေချင်တော့တာနဲ့ ကုတင်ပေါ်ကိုသာ
နန်းမိုင် တက်လာလိုက်တော့သည်။
ဒီလူသားက နန်းမိုင် ချစ်မှန်းသိလို့ တမင်
အနိုင်ကျင့်နေတာလား။

" အောက်ဆင်းအိပ် နန်းမိုင်သဲခေတ်
ငါ မင်းနဲ့ အတူမအိပ်ဘူး။ "

" ဦးထိ မအိပ်ချင်တာလေ။ နန်းမိုင်ကတော့
အိပ်ချင်တယ်။ အဲ့တာကြောင့် ဦးထိ
မအိပ်ချင်ရင် အောက်ဆင်းအိပ်။ "

" မင်း....!! "

စိတ်တိုသွားလည်း မတတ်နိုင်ပါ။ တစ်ခါတစ်လေ
ကျတော့ ခံပြင်းလွန်းလို့ ပါးစပ်လေး
တိတ်မနေချင်တော့ဘူး။ ဒါဆိုရင် ဒီလူသားက
ပိုပိုပြီးဆိုးလာတယ်။

**************************

" ဦးထိရော မေကြူ... "

ူ" အလုပ်သွားပြီလေ သမီးလေး
ထူးထူးခြားခြား သားကတော့ အလုပ်တွေ
ကြိုးစားပြနေတယ်။ အမြဲတမ်း ရှစ်နာရီထိုးမှ
သွားတတ်တဲ့ သားက အခုတော့ အစောကြီး
သွားနေတယ်။ ကြည့်ရတာ မေကြူတို့
သုံးလို့ရအောင် ရှာပေး​နေတာပဲ။ "

မေကြူ စကားကို နန်းမိုင် ပြုံးပြလိုက်ပေမဲ့
ရင်ထဲမှာတော့ ပြုံးမနေနိုင်ခဲ့ပါ။

နန်းမိုင် ကို မမြင်ချင်လို့ အစောကြီး
သွားတယ်လို့ပဲ နန်းမိုင် သတ်မှတ်သည်။

**************************

" ငါ့ သူငယ်ချင်းလေးက တော်လိုက်တာ။
အရမ်းကို တော်တာ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Hikayelerin yaşadığı yer. Şimdi keşfedin