အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 5 ]

253 8 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 5 ]

" သမီးရယ် မငိုပါနဲ့။ ဒီနေ့ ကစပြီး
အန်တီကြူမိုး ကို သမီး အမေအဖြစ်
သတ်မှတ်လို့ရတယ်။ အန်တီကြူမိုး မှာလည်း
သား တစ်ယောက်တည်းပဲ ရှိတာဆိုတော့။
အန်တီကြူမိုး ကလည်း သမီးလေး
လိုချင်နေတာနဲ့ အတော်ပေါ့။
သမီးကိုလည်း မြင်မြင်ချင်း ကတည်းက
အန်တီ သမီးလေး ဖြစ်ရင် ကောင်းမှာပဲလို့
တွေးနေတာ"

" ကျေးဇူးပါ အန်တီကြူမိုး ရယ်...
နန်းမိုင် ကျေးဇူးတင်ပါတယ်။ "

" ဘာကို အန်တီကြူမိုး လဲ။ အန်တီက
သမီးရဲ့ အမေဖြစ်သွားပြီလေ။ "

" ဒါဆို မေကြူ လို့ နန်းမိုင် ခေါ်မယ်လေ။ "

" အမယ်လေး နားဝင်ချိုလိုက်တာ။ "

" ကျတော်လည်း မေကြူလို့ ခေါ်မယ်နော်
အန်တီကြူမိုး... "

" ခေါ်စေသတည်း... "

" ဟင့်အင်း မရဘူး။ မေကြူက ငါ့ အမေ
နင့် အမေ မဟုတ်ဘူး ရမ်... "

" မရဘူး။ ငါလည်း ခေါ်မှာ။
မေကြူကလည်း ခေါ်တဲ့။ "

" လုပ်ပါအုံး မေကြူ... နန်းမိုင် တစ်ယောက်ပဲ
မေကြူကို ခေါ်ချင်တာ။ "

သူငယ်ချင်းနဲ့ လုနေသော နန်းမိုင်လေးက
သိပ်ကို ချစ်စရာကောင်းနေတာကြောင့်
ဒေါ်ကြူမိုး ပြုံးနေမိသည်။

အခုလည်း နန်းမိုင်လေးက လာချွဲနေတော့
ဒေါ်ကြူမိုး အရမ်းတွေ သဘောကျနေရသည်။

" ကဲ ကဲ သားရမ် ရေ အန်တီကို မေမိုးလို့
ခေါ်။ နန်းမိုင်က မေကြူ လို့ ခေါ်မယ်။
တစ်ယောက်တည်း ရှိတဲ့ သမီးလေးကို
စိတ်မညစ်စေချင်ဘူး။ "

" ချစ်လိုက်တာ မေကြူကို.. ."

ခေါင်းလေးကို ပွတ်ပေးလာသော မေကြူရဲ့
လက်တွေက စွန့်ပစ်သွားခဲ့တဲ့ နန်းမိုင်
မာမီထက်ကို မေတ္တာတရားကြီးမားလိုက်တာ။

မာမီရော အခုချိန် သူ့လင်ပါသမီးတွေနဲ့
ပျော်နေပြီလား။ နန်းမိုင် နဲ့ ဒယ်ဒီကို
မေ့နေလောက်ပြီ။ သူ မလိုချင်လို့ စွန့်ပစ်
သွားခဲ့တာလေ။ မာမီသာ မေကြူလောက်
မေတ္တာတရား ရှိမ်ာဆိုရင် နန်းမိုင် အရမ်း
ပျော်မိမှာ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Waar verhalen tot leven komen. Ontdek het nu