အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 11 ]

214 11 1
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 11 ]

" အိပ်ပြီလား ဦးထိ....? "

ဂူရဲ့ အပြင်မှာ မိုးတွေခြိမ်းကာ သည်းကြီးမည်း
ကြီး ရွာနေသံက နန်းမိုင်ကို အိပ်မရဖြစ်စေလာတာ
ကြောင့် မီးဖိုဘေးနားရဲ့ ခင်းထားသော အုန်းရွက်
ပေါ်မှာ အိပ်နေသော ဦးထိနားကို
တိုးသွားမိသည်။

အခုလည်း နန်းမိုင် ခေါ်တာကို လှည့်မကြည့်
သေးတော့ ဦးထိရဲ့ အင်္ကျီစ ကို နန်းမိုင်
အသာအယာနဲ့ ဆွဲလိုက်ကာ.....

" ဦးထိလို့....!  "

" ဘာလဲ...!  နန်းမိုင်သဲခေတ်..!
မင်း ဘာတွေ ဇယားလာရှူပ်နေတာလဲ
  အိပ်စရာရှိတာမအိပ်ဘူး။ ငါ အိပ်နေတာကို
လာရှူပ်နေတယ်။ "

" နန်းမိုင် မအိပ်ရဲလို့ ပါ ဦးထိရဲ့ ... "

ူ " မင်းလား မအိပ်ရဲမှာ။ "

လှဲနေရာကနေ ထကာ နန်းမိုင် မျက်နှာကို
ကြည့်နေတဲ့ ဦးထိက နန်းမိုင် ကို မယုံသလိုနဲ့ပေ။

" အပြင်မှာ မိုးတွေရွာနေတယ်လေ ဦးထိရဲ့။
အဲ့တာ နန်းမိုင် မအိပ်ရဲလို့ပေါ့"

မအိပ်ရဲဘူးသာ ပြောတာ မျက်လုံးတွေက
စူးစူးစိုက်စိုက် ပြန်ကြည့်ရဲနေလေသည်။

" မင်း မအိပ်ရဲဘူးဆို....ဘာလဲ ငါက
ထကပေးရမှာလား....? "

" ဒီလိုဆိုတော့ အကောင်းဆုံးပေါ့ ဦးထိရ... "

" မင်း... တော်ပြီ ငါ ဘာမှမပြောတော့ဘူး။
ကြိုက်သလို နေလိုက်တော့။ ငါ အိပ်ပြီ။ "

ပြောကာ နန်းမိုင် ကို ကျောပေးရင်း
တစ်ဖက်လှည့်အိပ်သွားတဲ့ ဦးထိက
ရက်စက်သူကြီး။

မအိပ်ရဲတော့ နန်းမိုင်မှာ ကြည့်ကာကြည့်ကာနဲ့
ဦးထိ အနားလေး ကျုံ့ကျုံ့ ​လေး ဝင်ထိုင်နေမိသည်။

အချိန်တွေ ကြာသွားတဲ့အထိ နိုးလာမှုမရှိတဲ့
ဦးထိကို နန်းမိုင် ကြည့်ကာ မနေနိုင်တဲ့အဆုံး
ဘေးမှာ ဝင်အိပ်ဖို့ ပြင်လိုက်ရတော့သည်။

အပြင်မှာလည်း မိုးသံတွေနဲ့ဆိုတော့ နန်းမိုင်
အိပ်ချင်နေပြီ။

နန်းမိုင် လှဲလိုက်တာနဲ့  ဖက်လာသော
ဦးထိ လက်တစ်စုံကြောင့် အိပ်ချင်နေတဲ့
မျက်လုံးအစုံက ပြူးကျယ်သွားရသည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now