အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 2 ]

362 15 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 2 ]

" မင်းကို ငါ ခင်ချင်လား မခင်ချင်ဘူးလား
ဆိုတာကို အရိပ်အကဲမကြည့်တတ်ဘူးလား။
မင်းကို မခင်ချင်တဲ့သူ တစ်ယောက်ကို
အတင်းလက်ဆောင်ပေးနေရအောင်
မင်းက ရူးနေတာလား...?  "

ပြောလာသော စကားတွေက နန်းမိုင် ကို
ဘာပြန်ပြောရမှန်းမသိစေဘဲ ဆွံ့အစေ၏ ။

လက်ထဲက ဘူးလေးနဲ့အတူ နန်းမိုင်
ကျန်နေခဲ့ရတော့၏ ။

ဦးမင်းထိဘွား ထွက်သွားတဲ့အထိ နေရာမှာတင်
နန်းမိုင် က ကြောင်တောင်တောင်လေးပင်။

ဦးမင်းထိဘွား က နန်းမိုင် နားက လူတွေလို
မဟုတ်ဘူး။

နန်းမိုင် ဘက်က စပြီး လက်ဆောင်ပေးဖူးတာကလည်း
ဦးမင်းထိဘွား တစ်ယောက်ပဲ ရှိတယ်။

*************************

" နန်းမိုင် နင် စိတ်မပါဘူးလား..?
စိတ်မပါရင် ပြိုင်မနေနဲ့။ မဟုတ်ရင်
ရှူံးနေလိမ့်မယ်။ "

" နန်းမိုင်သဲခေတ် ရာဇဝင်မှာ ရှူံးဖူးတယ်ဆိုတာ
မရှိဖူးဘူး ရမ်  "

" ဆောရီး ငါက နင့်ကို စိတ်ပူသွားလို့ပါ
နန်းမိုင် ရာ။ ငါ တောင်းပန်တယ် "

တောင်းပန်လာသော ရမ်ကို နန်းမိုင် မကျေနပ်သလို ကြည့်လိုက်ပေမဲ့ သိပ်ပြီးတော့
ပြဿနာမရှာလိုက်ပါ။

နန်းမိုင် အတွက် သူငယ်ချင်း ဆိုလို့
ရမ်ပဲ ရှိတာလေ။ သူကသာ နန်းမိုင် ကို
သည်းခံပြီး နေပေးလာတာ။

" နန်း...နန်းရှူံးရင် ကျတော်နဲ့ တွဲရမယ်နော်။
ဘယ်လိုလဲ။ ကျတော်နဲ့ တွဲဖို့ အဆင့်သင့်
ဖြစ်နေပြီလား။ "

" စောင့်ကြည့်လိုက်လေ ဝေမင်း...!
နင် ငါ့ကို တွဲရမလားမတွဲရဘူးလားဆိုတာ။
နန်းမိုင်သဲခေတ် ဘဝမှာ အရှူံးဆိုတာ မရှိဖူးဘူး။
ငါ နိုင်ရင် နင့် ပြိုင်ကားအသစ်စက်စက်
ကွဲဖို့သာ ပြင်ထားလိုက်။
ရမ် ကားပေါ်တက်လိုက်တော့။ "

" အိုကေ နန်းမိုင်... "

နန်းမိုင် သူငယ်ချင်း ရမ် ကားပေါ် တက်သွားတာနဲ့
နန်းမိုင် ပါ လိုက်တက်တော့သည်။
ထိုအခါ ဝေမင်းကလည်း တစ်ဖက်ကားကို
သူ့ အဖော်နဲ့ တက်သွားရာကနေ
နန်းမိုင် ကို မျက်လုံး မှိတ်ပြလာတာကြောင့်
လက်သီးကို တင်းတင်းဆုပ်သွားရသည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟حيث تعيش القصص. اكتشف الآن