အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 20 ]

337 18 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 20 ]

" သူ့ အဖေ ဖုန်းဆက်ခေါ်လို့ဆိုလားပဲ
အရေးတကြီးထပြန်သွားတယ် သားထိဘွား
အဲ့တာနဲ့ အန်တီလည်း ဟိုနားအထိ
ပြန်လိုက်ပို့ပေးလိုက်တယ်။ "

" ဟုတ် အန်တီနန်းအိမ် "

" ဆေးတွေက ဘယ်လိုလုပ်မလဲ ထိဘွား "

" ဒီတိုင်း ထားရတော့မှာလေ ဖြူစင်​....
နန်းမိုင်သဲခေတ်က အိမ်ပြန်သွားမှတော့။ "

ထိဘွား သက်ပြင်းသာချလိုက်ရင်း
လက်ထဲက ဝယ်လာတဲ့ ဆေးနဲ့အနာကပ်​ကို
ကြည့်သာကြည့်နေလိုက်တော့သည်။

နန်းမိုင်သဲခေတ်ကတော့ ဆေးထည့်ဖို့
ခဏလေးတောင် မစောင့်ဘူး။

***********************

" တစ်လောကလုံးမှာ ငါ အမုန်းဆုံးက
နင်နဲ့ နင့် အဖေပဲ။ အခုတော့ နင့်ကို
ငါက အမုန်းဆုံးပေါ့။ "

" လာပါ နန်းမိုင်ရာ။ ပျော်ပျော်နေစမ်းပါ။
ကလပ်လာပြီး မှိုင်တိုင်မနေစမ်းပါနဲ့။ "

ရမ်က လက်ဆွဲကာ ကတဲ့ဆီခေါ်သွားပေးနေပေမဲ့
နန်းမိုင် နားထဲမှာကတော့ မာမီရဲ့
စကားသံ​တွေက ပဲ့တင်သံအလားပေ။

နင့်ကို ငါက အမုန်းဆုံးတဲ့။

" ကတော့မယ်နော် နန်းမိုင်
ဒီလို ဒီလိုလေး ကရတယ်ဟ။
ကြည့်စမ်း ငါ ကတာမလှဘူးလား။  "

နန်းမိုင်ကို ရမ် လုပ်ပြနေတဲ့ အကကိုလည်း
စိတ်မပါစွာနဲ့သာ နန်းမိုင်​ ကြည့်နေမိသည်။

" ဘာလို့ အဲ့ဒီလိုကြီး လုပ်နေရတာလဲလို့
မနန်းမိုင်..? ကြည့်ပါအုံး။
ငါ ကတာမလှဘူးလားလို့။"

ဖင်လေးကိုပါ ခါယမ်းပြလာသဖြင့်
နန်းမိုင် ခေါင်းယမ်းလိုက်မိတော့သည်။

" အရင်က ငါ ဒီလိုကပြရင် နင် ရယ်နေကြပါ
နန်းမိုင်ရာ။ ကြည့်ပါအုံး ငါ မလှဘူးလားလို့။ "

ထပ်မံလုပ်ပြနေသူအား နန်းမိုင် ခေါင်းယမ်း
လိုက်ပြီး အောက်ကိုသာ ထိုင်ချပစ်လိုက်တော့သည်။

" လာပါ နန်းမိုင်ရာ။ ဘာလို့ အောက်ထိုင်ချလိုက်
ရတာလဲ။ မကဘူးဆိုလည်း မကဘူးပေါ့။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now