အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 13 ]

223 12 0
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 13 ]

" မစားဘူး။ တစ်ယောက်တည်း
အဝသာ စားနေလိုက်..!  ပြီးကျမှ
ဂျပိုးနင်မနေနဲ့။ နန်းမိုင်သဲခေတ် တို့က
အဲ့ဒီလောက်ထိ အစားမငတ်ဘူး။
ငတ်တဲ့သူတွေသာ စားကြ... "

" တောက်စ်...!!  "

ငါးကင်ကို မီးဖိုပေါ်ပြန်ထားရင်း
တောက်စ်ခေါက်ကာ နန်းမိုင် ဆီ
လျှောက်လာနေသော ဦးထိကြောင့်
ခပ်စူးစူးသာ ပြန်ကြည့်လိုက်မိသည်။

" မင်းက ရုပ်ကလေးလှသလောက်
အတော်မိုက်ရိုင်းတာပဲ နန်းမိုင်သဲခေတ်...!
ဒီလိုကြပ်ကြပ် မင်း အမြဲလုပ်။
ဘယ်တော့မှ ယောင်္ကျားကောင်းနဲ့ တွေ့မှာ
မဟုတ်ဘူး။ မင်းရဲ့ အပြောအဆို၊
အပြုအမူတွေကိုလည်း ဘယ်ယောက်ျားကောင်းမှ
လာကြိုက်မှာမဟုတ်ဘူး။ "

" အဲ့တာ ဦးမင်းထိဘွား နဲ့ ဘာဆိုင်လဲ။
တစ်ခုသိထားဖို့က နန်းမိုင် ဘယ်လိုနေနေ
ယောင်္ကျားအားလုံးက နန်းမိုင်မှ နန်းမိုင်
ဖြစ်နေကြတာ။ "

ူ" အဲ့တာ မကောင်းတဲ့ကောင်တွေလေ။
ကောင်းမွန်တဲ့ ယောင်္ကျားတွေကတော့
မင်းလို စိတ်ဓာတ်ရှိတဲ့သူမျိုးကို
ဘယ်တော့မှ လာကြိုက်မှာမဟုတ်ဘူး။
ဥပမာပေးရမယ်ဆိုရင် ငါ့လိုမျိုးပေါ့။
မင်းအကြောင်းကို သိနေလို့ မင်းကို
ဘယ်တော့မှ ကြိုက်မှာမဟုတ်ဘူး။ "

" အပြောမကြီးပါနဲ့အုံး။ တစ်ချိန်ချိန်မှာ နန်းမိုင်
ဆိုပြီး ဒူးထောက်လာလို့ကတော့ နန်းမိုင်တို့က
လက်ခံပေးမှာမဟုတ်ဘူးနော် ဦးမင်းထိဘွား...?  "

" အဲ့တာ မင်းလား နန်းမိုင်သဲခေတ်... !
ငါ မရယ်ချင်ဘူးနော်။ ငါ့လိုကောင်က
ဦးနှောက်နဲ့ အလုပ်လုပ်တဲ့သူ။
ဘယ်ဟာကောင်းတယ် မကောင်းဘူးဆိုတာကို
တွက်ချက်ပြီးမှသာ လုပ်တာ။ စီးပွားရေး အရတော့
မင်းလို မိန်းမမျိုးက ပုပ်နေတဲ့ သရက်သီးနဲ့
တူတယ်။ ငါ့ အတွက် အသုံးမဝင်တဲ့ အသီးမျိုးကို
ငါ ဘယ်တော့မှ လက်ခံ ရရိုးထုံးစံမရှိဘူး။
အဲ့ဒီလိုပဲ မင်းလို ရုပ်လှတာသာတစ်ခုရှိပြီး
အစစအရာရာမှာ ညံ့ဖျင်းနေတဲ့ မိန်းကလေးမျိုးကို
ငါ့ ဦးနှောက်က ဘယ်တော့မှ လက်မထပ်ဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now