အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 7 ]

230 8 0
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 7 ]

ထို့နောက် စိုင်းနောင် ကလည်း ထိဘွားကို
ကြည့်လာကာ.....

" ညီမလေးက တော်တော် နာမည်ကြီးတာပဲ ထိဘွား...
မိုက်လည်း မိုက်တယ်။ "

ထိဘွား ဘာမှပြန်မပြောမိ နန်းမိုင်သဲခေတ် အခြေအနေ
ကိုသာ လှမ်းကြည့်နေမိသည်။

ထိဘွား အနေနဲ့က နန်းမိုင်သဲခေတ် ကို
အဲ့ဒီလောက်ထိ လုပ်ရဲပြိုင်ရဲတဲ့
မိန်းကလေးမှန်း မသိခဲ့တာ အမှန်ပါ။

အခု တွေ့လိုက်ရတော့ အံ့ဩပြီး ကြည့်နေမိသည်။

ဒီလို မိန်းကလေး ဆိုတာ ပိုမိုသိလိုက်ရတော့
ထိဘွား ပိုပြီးတောင် မပတ်သက်ချင်တော့ပေ။

နန်းမိုင်သဲခေတ် က သူရှောင်သင့်တဲ့ မိန်းမထဲက
ထိပ်ဆုံးမှာ ရပ်တည်နေသည်။ ဒီလို မိန်းမတွေဆိုရင်
သူ အော်ဂလီဆန်တယ်။

မကြာလိုက် ပြိုင်ပွဲစတော့ ထိဘွား အကြည့်တွေကို
ဖုန်းထဲသာ အာရုံလွှဲထားပစ်လိုက်သည်။

ဘေးက စိုင်းနောင်က မိုက်တယ်ဆိုပြီး
ပါးစပ်ဖျားကနေ မချကာ ဘောလုံးပွဲကြည့်သလို
စိတ်အားထက်သန်စွာနဲ့ အားပေးနေတော့
အတော်လေးကို ထိဘွား စိတ်နောက်ကျိလာရသည်။

မိနစ်အနည်းငယ်ကြာတော့ ပြိုင်ပွဲကလည်း
အဆုံးသတ်သွားပြီဖြစ်ကာ နန်းမိုင်သဲခေတ် ကို
ချီးကျူးနေကြတဲ့ ယောင်္ကျားထုကြီးက
ဒုနဲ့ဒေး။

မကြည့်ပေမဲ့ နန်းမိုင်သဲခေတ် နိုင်လို့ ချီးကျူးနေကြမှန်း
ထိဘွား သိသည်။ အတော်ကို စိတ်ပျက်စရာ
ကောင်းတာပဲ။

" အစ္ကို... "

" အေး ညီလေး... ပြီးပြီလား။ "

စတော့ကစားမယ်ဆိုသူနဲ့  ချိတ်ဆက်ပေးမယ့်
ကောင်လေးက ကားအနားရောက်လာ၍
ထိဘွား မေးလည်းမေးရင်း ပြုံးပြလိုက်သည်။

" ဟုတ် အစ်ကို.. .ကျတော့် အလှဘုရင်မလေးက
နိုင်သွားပြီ။ အလှဘုရင်မကတော့
အလှဘုရင်မပါပဲ။ "

" အေး ပြီးရင် ကားပေါ်တက်​တော့။
စတော့ကစားမယ့် မင်း ဦးလေးနဲ့
အစ်​ကို တွေ့ချင်နေပြီ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Kde žijí příběhy. Začni objevovat