အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 12 ]

235 7 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 12 ]

ထိဘွား မီးကင်ပေးထားတဲ့ ဝါးဥတွေ စား
နေတဲ့ နန်းမိုင်သဲခေတ် က ထိဘွား ကို
ကြည့်ကာကြည့်ကာနဲ့။

" သေချာတယ်နော် ဦးထိ... နန်းမိုင်
တစ်ကိုယ်လုံးကို ဘာမှမမြင်လိုက်ဖူးဆိုတာ။ "

ပင်လယ်မှာကတည်းက မေးခဲ့တဲ့မေးခွန်းကြီးကို
ဂူထဲအထိပါ မေးနေသေးတော့ ထိဘွား
စိတ်သိပ်မရှည်ချင်တော့။

" မင်း အတော်ရစ်တာပဲ နန်းမိုင်သဲခေတ်...!
ငါ မမြင်ဖူးလို့ ပြောပြီးသွားပြီလေ။
ဘာလို့ ထပ်ခါထပ်ခါ မေးနေရတာလဲ။ "

" ဒါကတော့ သေချာအောင်လို့ပေါ့။
နန်းမိုင် က မိန်းကလေးလေ။ နစ်နာရင်
နန်းမိုင် ကပဲ နစ်နာမှာ။ "

" ပြောတတ်တာ မင်း ပါးစပ်လေးက... "

" ဪ ဒါနဲ့ နန်းမိုင် ရင်သားထက်က
မည့်သုံးလုံးတန်းနေတာက ယောင်္ကျား
ချစ်တာခံရမယ်တဲ့။ အဲ့တာ ဦးထိ
သိလား...! မှည့်သုံးလုံးအကြောင်း  "

" မင်းဟာက နှစ်လုံးတည်းပါ နန်းမိုင်သဲခေတ်. .!
သုံးလုံးမဟုတ်ဘူး။ "

" ကြည့်စမ်း ပြောတော့ မကြည့်ဘူးဆို။
အခုကျတော့ မည့်နှစ်လုံးတည်းပဲ
ရှိတာကို သိတယ်ပေါ့။
လာစမ်း ဦးမင်းထိဘွား..!!  "

" မလုပ်နဲ့ နန်းမိုင်သဲခေတ်..!  မလုပ်နဲ့လို့...!!  "

" ဘုန်း... ဘုန်း... ဘုန်း...!!  "

" အ့.. အ့ နန်းမိုင်သဲခေတ်..!!  "

ကျောကို ထုရိုက်ရုံတင်အားမရ ဆံပင်တွေကိုပါ
ဆောင့်ဆွဲနေတဲ့ နန်းမိုင်သဲခေတ် က
ထိဘွား ဘယ်လိုမှတားလို့မရ။

" တော်တော့လို့  နန်းမိုင်သဲခေတ်...!
ငါ ပြောတာကြားလား။ တော်တော့လို့။ "

" မတော်နိုင်ဘူး။ နန်းမိုင် တစ်ကိုယ်လုံးကို
ချောင်းကြည့်တဲ့ နှာဘူး။ ဦးမင်းထိဘွား က
နှာဘူးကြီးပဲ။ "

" ဘုန်း... ဘုန်း... ဘုန်း..  !! "

" အ့.. အ့... နန်းမိုင်သဲခေတ်...!!  "

မတော်တဲ့အပြင် မင်းထိဘွား ဆံပင်တွေကိုပါ
အားရပါးရ နန်းမိုင်သဲခေတ် က ဆောင့်ဆွဲနေလေ၏ ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Hikayelerin yaşadığı yer. Şimdi keşfedin