အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 24 ]

314 14 2
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 24 ]

taxi ငှားရအောင်ဆိုပြီး နန်းမိုင် လမ်းပေါ်
တက်လိုက်မှ ဘယ်ကထွက်လာမှန်းမသိတဲ့ အရှိန်နဲ့
မောင်းလာသော ကားအဖြူရောင်လေးက
နန်းမိုင် နား ကပ်ကာ တိုက်တော့မလို
ဖြတ်​​မောင်းသွားသဖြင့် ကတ္တရာလမ်းမပေါ် လူက
အရုတ်ကြိုးပြတ်လဲကျသွားရသည်။

ထိုအချိန် အဖြူရောင် ကားပေါ်ကနေ
ဆင်းလာသော မာမီကြောင့်လည်း နန်းမိုင်
မျက်လုံး အစုံက ပြူးကျယ်သွားရတော့သည်။

" မာမီ...!!  "

" နာသွားလား နန်းမိုင်သဲခေတ်....?
အဟင်းဟင်း...ငါ့ သမီးလေးက နာသွား
တာပဲ။ မာမီ စိတ်မကောင်းလိုက်တာ "

ပြန်မထနိုင်နေတုန်း မျက်နှာကို လက်နဲ့
ကိုင်ကာ ပြောလာခဲ့တဲ့ မာမီ ကြောင့်
ရင်ထဲမှာ သေမတတ်ပေ။

" ဒီက ရှေ့လျှောက် အခုထက်ပိုတဲ့ နာကျင်မှုတွေ
နင် ခံစားစေရမယ်။ ဒါက အသေးအဖွဲလေးပဲ
ရှိပါသေးတယ် နန်းမိုင်သဲခေတ်
ငါ့ သမီးဖြူစင် ကို နာကျင်အောင် လုပ်တဲ့အတွက်
နင် ဒီထက် ပိုခံစားစေရမယ်။ "

" ဘာလို့လဲ။ ဘာလို့ သမီးအရင်းထက်
လင်ပါ သမီးကို ပိုချစ်နေရတာတုန်း။
နန်းမိုင် က မာမီရဲ့ သမီးအရင်းပါနော်။ "

" မုန်းလို့လေ။ နင့် အဖေကို မုန်းလို့ 
သူ့ သွေးသားကြောင့်ဖြစ်တည်လာတဲ့
နင့်ကိုပါ ငါက အရမ်းမုန်းတာ နန်းမိုင်သဲခေတ် "

" မာမီက မိခင်စိတ်ဓာတ် အပြည့်ရှိတာပဲနော်။
ကမ္ဘာပေါ်က မိခင်တိုင်း သူတို့ ကလေးကို
ချစ်ကြတယ်။ မာမီလို ကိုယ့်သားသမီးကိုယ်
ပြန်မချစ်ဘဲ မုန်းတဲ့ မိဘမရှိဘူး။ နန်းမိုင်ဘဝကလည်း
အတော်ကံဆိုးတာပဲ။ မိခင်စိတ်ဓာတ်မရှိတဲ့
အမေဆီမှာမှလာမွေးရတယ်လို့။ "

" အေး ငါကလည်း နင်ကို လိုလိုလားလားနဲ့
မွေးချင်ခဲ့တာမဟုတ်ဘူး။ ဒါနဲ့ ဘယ်လိုလဲ
အစွန့်ပစ်ခံဖြစ်ရတာ ပျော်ရဲ့လား။
သားထိဘွားရဲ့ စိတ်တွေက ငါ့ သမီးဖြူစင်ဆီမှာပဲ
လုံးလုံးလျားလျား ရှိနေခဲ့တာနော်။ "

" ဂရုကိုမစိုက်တာ။ နန်းမိုင် လက်ထပ်တာကို
ဒယ်ဒီ ပျော်ရွင်ဖို့ပဲ အရေးကြီးတယ်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now