အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 26 ]

263 14 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 26 ]

" နန်းမိုင်က ဒယ်ဒီကို လွမ်းနေတာ။ "

" ဒယ်ဒီလည်း သမီးလေးကို လွမ်းနေတာ။
ဘယ်လိုလဲ ထိဘွားနဲ့ အဆင်ပြေရဲ့လား။
သူက သမီးကိုရော ဂရုစိုက်ရဲ့လား။ "

" ဟုတ် ဒယ်ဒီ ဂရုစိုက်ပါတယ်။ "

ပိတ်ရက်တောင် နန်းမိုင် မစောင့်တော့ဘဲ
ဒယ်ဒီ company အထိ သွားကာ
အလွမ်းသယ်မိသည်။

" ဘာစားချင်လဲ။ ဒယ်ဒီ ဖုန်းဆက်ပြီး
မှာပေးရမလား။ ဒါမှမဟုတ် ဒီနားက
ဆိုင်မှာ တစ်ခုခုသွားစားကြမလား....? "

" သွားစားကြမယ်လေ။ ဒါပေမဲ့ ဒယ်ဒီ
ခွံ့ကျွေးရမယ်နော်​။ နန်းမိုင် ဒယ်ဒီ
ခွံ့ကျွေးတာကို စားချင်လို့။ "

" ဟုတ်ပါပြီ။ ဒယ်ဒီရဲ့ မင်းသမီးလေးကို
ဒယ်ဒီက ခွံ့ကျွေးရမှာပေါ့။ "

" ဟီးဟီး ဒယ်ဒီ "

စိတ်ပင်ပန်းနေလည်း ဒယ်ဒီ နဲ့  တွေ့လိုက်ရင်
နန်းမိုင် တစ်ဝက်သက်သာသည်။
ဒယ်ဒီက နန်းမိုင်ရဲ့ အကောင်းဆုံး
လက်ဆောင်လေး။

*************************

" ကြီးကြီးလေ ခွံ့လေ ဒယ်ဒီကလည်း။
ဒယ်ဒီက ဒီလိုပိစိလေးခွံ့တော့
နန်းမိုင် မဝဘူး။ "

" ဟုတ်ပါပြီဗျာ။ ဒယ်ဒီ သမီးကို
အကြီးကြီး ခွံ့ ကျွေးမယ်။ "

" အာပါးပါး ဒီသားဖ ချစ်ကြည်နူးနေကြပါလား။
လေးခေတ် ကျတော်လည်း ခွံ့ကျွေးပါအုံး။ "

" ဟင့်အင်း မခွံ့နဲ့ ဒယ်ဒီ...
နန်းမိုင်ကိုပဲ ခွံ့နော်။ "

" နန်းမိုင်စုတ်..!  "

" ရမ်စုတ်ရမ်ပြတ်...!!  "

ကလေးနှစ်ယောက်ရန်ဖြစ်နေတာအား
ကြည့်ပြီး ဦးခေတ်လူက သဘောတကျနဲ့
ပြုံးပြုံးကြီး ဖြစ်နေလေသည်။

" နန်းမိုင် အရူးမ..!! "

" ရမ်စုတ် ခွေးကောင်... !! "

" မချစ်တာလဲမဟုတ်ဘူး။ ဒီသူငယ်ချင်း
နှစ်ယောက်ကတော့ တွေ့တာနဲ့ ကိုက်နေကြတာ။
သားရမ် သမီးကို လာခေါ်တာမလား။ "

" ဟုတ် လေးခေတ်... ကျတော် ခေါ်သွားလိုက်
အုံးမယ်။ နန်းမိုင် ထ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now