အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 27 ]

338 16 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 27 ]

" မလိုက်ရင်လည်း နေခဲ့လိုက်တော့ ဦးထိ
နန်းမိုင် အကြာကြီးမစောင့်နိုင်ဘူး။ "

ညကတည်းက ဒယ်ဒီအိမ် သွားဖို့ နန်းနိုင်
အသင့်ဖြစ်နေပေမဲ့လည်း ဦးထိကတော့
ဘာမှကို မပြင်ဆင်ရသေးပေ။
ဒီတော့ နန်းမိုင် စိတ်မရှည်တော့ဘူးလေ။

" သွား ငါ့ ကားပေါ်....!  ငါလိုက်ခဲ့မယ်။ "

ဒီလိုနဲ့ မေကြူကို နှုတ်ဆက်ကာ ဒယ်ဒီဆီ
နန်းမိုင်တို့ကားနဲ့ ထွက်လာကြသည်။

နန်းမိုင် သိသားပဲ။ မေကြူ ကို ငြင်းမရတာနဲ့
ဦးထိက မလိုက်ချင်ဘဲလိုက်ခဲ့ရတာလေ။

-
-
-
-
-
-
-
-
-

" ဦးထိ..."

နန်းမိုင်တို့အိမ် မရောက်သေးခင်ဘဲ  ခေါ်လိုက်တော့
ကြည့်လာသော မျက်လုံးက ပြောဆိုတဲ့
အထာမျိုးနဲ့။

" ဟိုလေ ဒယ်ဒီရှေ့ကျရင် အခုလိုကြီး
အေးစက်စက်မနေဘဲ နန်းမိုင် ကို
ဂရုစိုက်တဲ့သူလေး အဖြစ် နေပေးပါလား။ "

" ဘာလို့ နေပေးရမှာလဲ။ ငါနဲ့မင်းက
ချစ်လို့လက်ထပ်ထားတာမဟုတ်ဘူး။
နောက်ပြီး မင်းကို ငါ.. .မ..ချစ်..ဘူး။ "

တစ်လုံးချင်း ဖိပြောလာသဖြင့် နန်းမိုင်
ရင်ထဲမှာ နာကျင်လည်း အေးဆေးစွာနဲ့ပေ။

" နန်းမိုင် တောင်းဆိုတာပါ ဦးထိ
ဒယ်ဒီကို နန်းမိုင် စိတ်ချမ်းသာစေချင်လို့ပါ။
အဲ့တာကြောင့် နန်းမိုင် တောင်းဆိုတာကို
လိုက်လျောပေးပါနော်။ ဦးထိလည်း
နန်းမိုင် ကို ကြိုက်တာခိုင်းလို့ရပါတယ်။ "

" ငါ လုပ်မပေးနိုင်ဘူး။ "

ဒီလောက်ထိ နန်းမိုင် အပေါ် အကြင်နာတရား
မရှိတာသိရလေ ရင်ထဲမှာ မကောင်းလေပင်။
သို့သော် နန်းမိုင်မှ ဘာမှ မတတ်နိုင်ခဲ့တာ။

ကားမောင်းနေသော ဦးထိကို ကြည့်ကာ
နန်းမိုင် အကြည့်တွေကို တစ်ဖက်သို့
လွှဲပစ်လိုက်တော့သည်။

***********************

" ဆိုးရဲ့လား ထိဘွားရေ
အန်ကယ် သမီးက "

" မဆိုးပါဘူး အန်ကယ် "

" အေးပါကွာ။ မင်းက မဆိုးဘူးသာ
ပြောတာ အန်ကယ် သမီးလေးက
တအားဆိုးတာ။ဒါတွေ မင်း တွေ့အုံးမှာပါ။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now