အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 14 ]

211 12 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 14 ]

" ဒါတွေက ဒီမှာတပ်ဖို့လား ဦးထိ.....?  "

" အင်းလေး ဒါမှမြဲမမြဲသိမှာ။ ​အုန်းသီး
ခြောက်တွေကို ကြိုးနဲ့ပူးချည်ထားတော့လည်း
ငါတို့ ရေနစ်တဲ့အခါ အသုံးဝင်တယ်လေ။ "

" နန်းမိုင် က ရေမကူးတော့ ခပ်ကြောက်ကြောက်ရယ်
ဦးထိ.... "

" မပူပါနဲ့ ငါ ရှိပါတယ်။ မင်း နစ်ရင်
မင်းကို ငါ ဆင်းကယ်မှာ။ "

" ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ
ဦးထိ အပြောကို နန်းမိုင် ကျေးဇူးတင်တယ်။
ဒါနဲ့ ဒါက ဘယ်အချိန်ပြီးမှာလဲ ဦးထိ...?  "

" ညနေလောက်မှ ပြီးမှာ။ ငါက အဲ့ဘက်
ပိုင်း ကျွမ်းကျင်တဲ့သူ မဟုတ်တော့။
ဒါနဲ့ ငါ့ကို သံမှိုလေးတွေ ရှာကူပေးပါအုံး။
ကမ်းစပ်အနားမှာ ရှိမရှိဆိုတာ။ "

" ဟုတ် ဦးထိ နန်းမိုင် ရှာပေးမယ်နော်။
ဝါးတွေသာ ဦးထိရအောင် ခုတ်ထား
နန်းမိုင် ကူညီပေးမယ်။ "

" အင်း... ကျေးဇူးပဲ။ "

ဆက်ဆံရေး တစ်ခုမှာ အချင်းချင်း ပြေလည်သွား
ကြရင် ရိုသေလေးစားမှုဆိုတာရှိလာစမြဲ။
အဲ့ဒီလိုပဲ နန်းမိုင် ကို ဦးထိက ကျေးဇူးတွေတင်
တတ်လာသလို နန်းမိုင် ပြောသမျှကိုလည်း
ဦးထိက လေးလေးနက်နက်နဲ့ နားထောင်
ပေးတတ်လာခဲ့ပြီ။

-
-
-
-
-
-
-
-
-
-
-

" မောနေပြီလား ဦးထိ...?  နန်းမိုင်
ရေယူလာတယ်။ ဦးထိ သောက်လိုက်ပါအုံး။ "

" ကျေးဇူးပဲ နန်းမိုင်သဲခေတ်... "

" ဟုတ် ဦးထိ.... "

ဝါးဖောင်ဆောက်တာ ချွေးတွေအပြည့်ထွက်နေတာ
တောင် ဦးထိက သိပ်ကို ကြည့်ကောင်းလွန်းသည်။
အခုလည်း နန်းမိုင် တိုက်တဲ့ရေကို
ဦးထိ သောက်နေပုံက ယောင်္ကျားပီသလွန်း
အားကြီးသည်။

လေးထောင်ပုံစံမျက်နှာကျနဲ့ နှုတ်ခမ်းမွှေးရေးရေး
လေးတွေ ပေါက်နေသော ဦးထိက
နန်းမိုင်ကို သိပ်ကို ပြုစားလွန်းအားကြီးသည်။

ဒီလူသားက နန်းမိုင် အပိုင်သာ ဖြစ်လိုက်မယ်ဆိုရင်
ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now