အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 15 ]

256 8 1
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 15 ]


" ချမ်းနေသေးလား နန်းမိုင်သဲခေတ်....? "

ဂူထဲအထိ ရောက်အောင်ခေါ်ပေးလာတဲ့အပြင်
မီးပါမွှေးပေးထားတော့ နန်းမိုင် သိပ်မချမ်းတော့ပါ။

" နည်းနည်းပဲ ချမ်းတော့တယ် ဦးထိ "

" ချွတ်လိုက်မလား။
မင်း အဝတ်စားတွေက စိုနေသေးတော့။မဟုတ်ရင်
မင်း ဖျားနေမယ် နန်းမိုင်သဲခေတ် "

" ရပါတယ် ဦးထိ....မီးစာလှုံရင်းနဲ့ 
ခြောက်သွားလိမ့်မယ်။"

ပြောရခက်နေသော နန်းမိုင်သဲခေတ်ကို
ထိဘွား ဘာမှထပ်ပြောမနေတော့ဘဲ
သူ့ ကိုယ်ပေါ်က အဝတ်အစားတွေကို
စိတ်ရှည်လက်ရှည်နဲ့ မီးလှည့်ကင်နေလိုက်သည်။

မီးပုံရဲ့ အလင်းနဲ့ ကောင်းစွာမြင်နေရသော
ဦးမင်းထိဘွားရဲ့ မျက်နှာက ကြည်ရှင်းနေ၏ ။

နှုတ်ခမ်းမွှေးရေးရေးလေးတွေကလည်း
ပေါက်နေပြီလေ။

ဒီလိုလေး ပေါက်တာကိုက ယောင်္ကျားဆန်လွန်း
နေသည်။ ကြီးမားပေမဲ့လည်း သွယ်လျတဲ့
လက်ချောင်းတွေက ဦးမင်းထိဘွား ဆီမှာ
အပြည့်။

ဦးမင်းထိဘွား တစ်ချက်လှုပ်ရှားတိုင်း နန်းမိုင်
အကြည့်မလွှဲနိုင်အောင်ပေ။

မြင်နေရသော ခန္ဓာကိုယ်ပေါ်က ယောက်ျား
ပီသတဲ့ ကြွက်သားတွေကလည်း ဘာမှကို
အပြစ်ပြောစရာမရှိ။ အသားအရေကလည်း
ယောင်္ကျားပီသစွာ ညိုတဲ့ဘက်သွားခဲ့တော့
အရာရာက ကြည့်လို့ အကောင်းဆုံးပေ။

ဒီလောက်မိုက်တဲ့သူ ရှိပါအုံးမလား။
အဝတ်အစားတွေခြောက်သွားတော့ ဦးထိ
ပြန်ဝတ်သွားတဲ့အထိ နန်းမိုင် ငေးကြည့်နေမိသည်။

" အခုတန်းခြောက်သွားအောင် မင်း အဝတ်အစား
တွေကို ချွတ်ထားလိုက်ပါလား။
ခြောက်သွားအောင် ငါ မီးကင်ပေးမယ်​လေ။ "

" ချွတ်လိုက်ရင် နန်းမိုင် တုံးလုံးကြီး
ဖြစ်နေမှာပေါ့။ နောက်ပြီး ဦးထိကလည်း
နန်းမိုင် ကို.... "

" တော်တော်.... ငါ မကြည့်ဘူး။
မင်း ကြည့်ခိုင်းရင်တောင် ငါ မကြည့်ဘူး။
ယုံရင် ငါ ကင်ပေးမယ်။
ရော့ မင်း အဝတ်အစားတွေကို ငါ့ လက်ရှည်
ဝတ်ပြီး ချွတ်လိုက်တော့။ ယောင်လို့တောင်
မင်းဘက်ကို ငါ အကြည့်ရောက်မလာစေရဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Opowieści tętniące życiem. Odkryj je teraz