အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 18 ]

298 15 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 18 ]

" ဒါဆို နင် အခုလက်မထပ်နိုင်ပေမဲ့
တစ်ချိန်ချိန်ကျရင် လက်ထပ်လာနိုင်တယ်လေ။ "

" အင်း အဲ့တာ ငါ သိပါတယ်။ ဒါပေမဲ့
ငါ့မှာ အစီအစဉ်မရှိဘူးဖြစ်နေတယ်။
မာမီနဲ့ရော ငါ့အတွက်ရော သင့်တော်မယ့်
မိန်းကလေး ကို လက်ထပ်ဖို့ဆိုတာ။ "

" ငါ ရှိတယ်လေဟာ။ ငါ့လို လိမ်မာရေးခြား
ရှိတဲ့ မိန်းကလေးကို နင် ဘယ်မှာမှ
ရှာလို့မရဘူးနော် ထိဘွား
ဟင်းချက်တာတွေလည်း ငါ အကုန်တတ်။
ငါ မလုပ်တတ်တာဆိုလို့ မရှိသလောက်ပဲ။ "

ရယ်မောကာ ပြောနေသော ဖြူစင်ကို
ကြည့်ကာ ထိဘွား ပြုံးလိုက်မိတော့သည်။

" ဘယ်လိုလဲ ထိဘွား....?
နင် ငါနဲ့တွဲမယ်မလား... "

" တော်ပါဟာ။ ငါ့ကို နောက်မနေနဲ့
ဖြူစင်ရာ။ တော်လိုက်တော့ဟ။ "

" ငါ့ မျက်လုံးတွေကို ကြည့်လိုက် ထိဘွား
ငါ နင့်ကို နောက်လားမနောက်လားဆိုတာ။ "

ထိဘွား ပြန်ကြည့်ပေးလိုက်တယ်ဆိုပဲ
မျက်လုံးတွေက တစ်ချက်ကလေးမှ အကြည့်
လွှဲမသွားဘဲ သူ့ကို ကြည့်နေသော ဖြူစင်
ကြောင့် ထိဘွား လက်ခံလိုက်ရတော့သည်။
ဖြူစင်​က တကယ်​ချစ်​​နေတာပဲ။

ဒါ​ကြောင့်​လည်း ကွန်​ဒိုဝယ်​ဖို့ကအစ
သူ့ကို ​ခေါ်ခဲ့တာပဲ​လေ။
ကွန်​ဒိုလည်း ဝယ်​ပြီး​ရော အန်​တီနန်းအိမ်​ကို
ထားခဲ့ကာ အ​ရေးကြီးတယ်​ဆိုပြီး
ထိဘွားကို ​​ပြောရ​အောင်​​ခေါ်လာတဲ့စကားက
ဒီစကားကိုး။

" နင် အတည်ကြိုက်နေတာပဲ ဖြူစင်
ဘယ်တုန်းကလဲ။ "

" နင့်ကို စမြင်ကတည်းက။ ဘယ်သူ့ကိုမှ
အဖက်မလုပ်ချင်တဲ့ နင့်ကို စစတွေ့ကတည်းက
ခင်ချင်တယ်။ သူငယ်ချင်း ဖြစ်ချင်တယ်။
အဲ့ဒီလိုကနေ ငါ အရွယ်ရောက်လာတော့
ငါ သိလိုက်ရတော့ ငါ့ နှလုံးသားက
နင့်ကို ချစ်နေပြီ။ နင့်အနားနေလေ
နင့်ကို ငါ အရူးအမူး ဖြစ်ရလေပဲ ထိဘွား
နန်းမိုင်သဲခေတ် နဲ့ နင် သတင်းထွက်တုန်းကလည်း
ငါ အိပ်တောင်မပျော်နိုင်ဘူး။ အခု ဆရာမ
အဖြစ် ဒီကို တာဝန်ကျအောင်လုပ်ခဲ့တယ်
ဆိုတာကလည်း နင်ရှိတဲ့ဆီမှာ ငါ စာသင်ချင်လို့။
နင့် အနားမှာ ငါ နေချင်လို့လုပ်​ခဲ့တာ။ အခု မာမီကလည်း
ပြင်ဦးလွင်ကို မပြန်တော့ဘဲ ငါနဲ့အတူ
ဒီမှာနေတော့မှာ​လေ။ ခုဏက မာမီ ကွန်​ဒိုဝယ်​​ပေးတာ
ကလည်း နင်​နဲ့ နီးရ​အောင်​တဲ့။
ငါ နင့်ကို ကြိုက်နေတဲ့အတွက် မာမီကလည်း
နင့် မာမီနဲ့ ရင်းနှီးအောင် လုပ်မှာတဲ့။ အဲ့တာ ငါ နင့်ကို
မလိမ်ချင်ဘူး။ နင့်ကို အခုကတည်းက
သိစေချင်တယ်။ ငါ နင့်ကို ဘယ်လိုသဘောထား
လဲဆိုတာ.... ထိဘွား နင် ငါ့ကို
ဘယ်လိုမြင်လဲဟင်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Wo Geschichten leben. Entdecke jetzt