အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 30 ]

409 25 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 30 ]

လက်ထဲက ဆေးလုံးလေးကို ကြည့်ကာ
ရေချိုးခန်းထဲမှာ နန်းမိုင် တစ်ယောက်တည်းရယ်။

နန်းမိုင် နဲ့ ကလေးမလိုချင်ဘူးတဲ့လေ။
ဟုတ်တာပေါ့။ နန်းမိုင်က ဘာတွေကို
မျှော်လင့်နေရတာလဲ။

ပါးစပ်ထဲ ထိုဆေးလုံးလေးကို နန်းမိုင်
ထည့်ပစ်ဖို့အလုပ်မှာ ကြားယောင်လာသော
စကားတွေကြောင့် တုံ့ဆိုင်းသွားရတော့သည်။

" မင်းလည်း အမေမချစ်တဲ့ ခံစားချက်ကို
ကောင်းကောင်းကြီး သိနေတာပဲလေ။ "

ခံစားချက်ကို သိပေမဲ့ တကယ်လို့
ကလေးရှိလာမယ်ဆိုရင်
နန်းမိုင်လို မခံစားရအောင် ကလေးကို
နန်းမိုင် ပြုစုပျိုးထောင်မှာ။
ဘယ်သူမှ မချစ်ရင် နေပါစေ။
နန်းမိုင် ကလေးကို နန်းမိုင် ချစ်မှာ။

မိုက်ရူးရဲဆန်တယ်ပဲပြောပြော နန်းမိုင်
ဆေးမသောက်ပဲ နေကြည့်ချင်သေးသည်။

ဖြစ်လာမယ့် အကျိုးဆက်ကို နန်းမိုင်
ဂရုမစိုက်ဘဲနဲ့ပေါ့။

နန်းမိုင် ချစ်တဲ့လူကို မရနိုင်ပေမဲ့
သူရဲ့ အသွေးအသားလေးကိုတော့
နန်းမိုင် ပိုင်ဆိုင်ဖို့အတွက် ကြိုးစားကြည့်မလားလို့ပေါ့။
မဟုတ်​လည်း နန်းမို​င်​ ဦးထိကို စွန့်​လွှတ်ထားဖို့
စိတ်​ပိုင်းဖြတ်​ပြီးပြီ​လေ။

*************************

" ဘာဖြစ်နေတာလဲ နန်းမိုင်သဲခေတ်
မင်း နေမကောင်းဘူးလား။ "

" နေကောင်းပါတယ်။ ဘာမှမဖြစ်ဘူး။ "

မျက်နှာလေးက ညှိုးနေတယ်ဆိုတာ
ထိဘွား ခံစားလို့ရပေမဲ့ ကာယကံရှင်
ကိုယ်တိုင်က ဘာမှမဖြစ်ဘူးပြောလာမှတော့
ထိဘွား စိတ်ပူပေးမနေတော့။

" မောနင်း ထိဘွား. .."

" အင်း မောနင်း.. အိပ်လို့ကောင်းလား
ဖြူစင် "

" အရမ်းကောင်းတာပေါ့။ မနေ့က နင်နဲ့ လျှောက်
လည်ထားတော့ ငါ အရမ်းပန်းပြီး အခန်းထဲ
ရောက်တာနဲ့ တန်းအိပ်ပျော်သွားတာ။
ဘယ်​လိုအိပ်​လို့အိပ်​​ပျော်​သွားမှန်းကို မသိဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Donde viven las historias. Descúbrelo ahora