အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 3 ]

260 8 1
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 3 ]

ဘားသွားလိုက်၊ ပြိုင်ကားသွားမောင်းလိုက်နဲ့
နန်းမိုင် ဘဝက ပျင်းချိန်မရှိပေ။

ဒယ်ဒီကလည်း အလုပ်ကိစ္စနဲ့ စင်္ကာပူကို
ရောက်နေတော့ နန်းမိုင် ကဲချင်သလိုကဲပင်။

တွဲသမျှရည်းစားတွေ အကုန်ဖြတ်​ပြီး
ရမ်နဲ့ ထင်တိုင်းသောင်းကျန်းနေသည်။

ဒါမှ အားယားနေတဲ့ နန်းမိုင် ခြေထောက်တွေ
ဦးမင်းထိဘွား ဆီကို ရောက်မသွားမိမှာ။

" အခု ငါတို့ ဘယ်သွားကြမလဲ နန်းမိုင်... "

" ဘားပေါ့။ ဒီည ငါ ဘာကားမှ မမောင်းချင်ဘူး။ "

" အိုကေ နန်းမိုင်...နင့်ကားလည်း
ငါ မောင်းပေးမယ်။ "

ကားမ​မောင်းချင်​တာ​ကြောင့်​ နေရာချင်းချိန်းပေးကာ မောင်းသူနေရာကနေ နန်းမိုင် ဆင်းပေးလိုက်သည်။

သောက်ချင်စိတ်တွေကလည်း နန်းမိုင် ဆီမှာ
အလုအယက်နဲ့ တိုးဝင်လာကြသည်။ နန်းမိုင်
သောက်ချင်နေပြီ။

" မြန်မြန်မောင်းနော်။ ငါ အရမ်းသောက်ချင်နေပြီ "

" အေးပါ နန်းမိုင်ရာ... "

" ကိုကြီး ဝီစကီ တစ်လုံးပေး... "

ဘားရောက်တာနဲ့ ထိုင်နေကျ နေရာ
နန်းမိုင် ဝင်ထိုင်လိုက်ရင်း တစ်ခါတည်း
မှာလိုက်တော့သည်။

မကြာလိုက် ချပေးလာတာနဲ့ ရမ်အတွက်ပါ
ငှဲ့ပေးလိုက်ပြီး ကျန်တဲ့ဟာကို
နန်းမိုင် မော့ချလိုက်တော့သည်။

အလုအယက်နဲ့ လည်ချောင်းထဲ တိုးဝင်သွားသော
အရသာက ပြင်းရှရှနဲ့ နန်းမိုင် လိုချင်နေတဲ့
အရသာမျိုး။ အရင်က ဒယ်ဒီ ခွက်ပုန်းလိုက်ချတာ
ကို ကြည့်ပြီး နန်းမိုင်လည်း ဆရာတစ်ဆူဖြစ်နေပါပြီ။

နှစ်ပုလင်းကျော်ကျော်လောက်ထိတော့ နန်းမိုင်
သောက်နိုင်တယ်လေ။

" နန်းမိုင်က မိုက်တာ ထိဘွားရာ။
ပုလင်းလိုက်ကြီးကို မော့ချနေတာ။
ညီမလေး type က ခပ်မိုက်မိုက်ကြီး။
ဝတ်ထားတာနဲ့ တအားကို လိုက်နေတာပဲ။
လာပါဟာ ညီမလေးတို့ ဝိုင်းနဲ့ သွား
join လိုက်ရအောင်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now