အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 17 ]

226 13 2
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 17 ]




" ဘာလို့ မျက်ရည်တွေ ကျနေတာလဲ
နန်းမိုင်သဲခေတ်..!  "

မာမီကို ငေးကြည့်နေလို့ ကျလာခဲ့တဲ့
နန်းမိုင် မျက်ရည်တွေကို နန်းမိုင် မသိလိုက်။
ဦးထိ ပြောလာမှ ယောင်အအနဲ့ ဆွဲသုတ်လိုက်
သလို နန်းမိုင် ကို ကြည့်နေသော မာမီကိုလည်း
ကြည့်ကာ.....

" မျက်လုံးထဲ ဘာအကောင်ကြီးမှန်း
မသိဘူး ဝင်သွားတာ ဦးထိရဲ့။
အဲ့တာကြောင့် မျက်ရည်တွေက ကျလာတာ။ "

" ရလား...?  မျက်လုံးကို ငါ လေမှုတ်ပေးရမလား...?  "

" ရတယ် ဦးထိ... ဒါနဲ့ နန်းမိုင် ကို ပြောစရာ
ရှိတာဆိုတာလေ။ နောက်နေ့မှ ပြောပါလား။
နန်းမိုင် အရေးကြီးလုပ်စရာရှိလို့
သွားခွင့်ပြုပါအုံးနော်။ "

အလျှင်အမြန်နဲ့ ကောက်ထသွားတဲ့သူကို
ထိဘွား တားချိန်တောင်မရလိုက်ပါ။

" သမီး သားထိဘွားနဲ့ စကားပြောနေလိုက်အုံးလေ။
မာမီ အခုမှ သတိရတယ်။ သဇင်ကို
ဖုန်းဆက်မေးရအုံးမှာ။ အဆင်ပြေမပြေ "

" ဟုတ် မာမီ... "

ဖြူစင် အဖြေပေးတုန်းရှိသေး မာမီက
ပြုံးစစနဲ့ မျက်လုံးမှိတ်ပြသွားတာကြောင့်
ရင်ထဲမှာ ရှက်သွားရသည်။

ထိဘွား က သူငယ်ချင်း ဆိုပေမဲ့ ဖြူစင်ဘက်က
ထိဘွား ကို ခိုးချစ်နေခဲ့တာကြာပြီ။
ဒါ့ကို မာမီလည်း သိတယ်။

မာမီက ဖြူစင် အမေရင်းမဟုတ်ပေမဲ့
ဖြူစင်ကို သိပ်ကို ချစ်တယ်။

-
-
-
-
-
-
-
-
-

" နန်းမိုင်သဲခေတ်...!  "

ခေါ်သံကြောင့် နန်းမိုင် နောက်ကို လှည့်ကြည့်
လိုက်တော့ မာမီ ဖြစ်နေတယ်လေ။ မဟုတ်မှလွဲရော
မာမီက နန်းမိုင် နောက်ကို လိုက်လာတာလား။
နန်းမိုင် ကို ချစ်သေးတယ်ပေါ့။

" မာမီ...!  "

နန်းမိုင် ခေါ်လိုက်တယ်ဆိုရုံမှာပဲ မာမီက
နန်းမိုင် ကို ကြည့်လာကာ....

" ထိဘွား နဲ့က သိတာကြာနေပြီလား...?  "

" ဒယ်ဒီ နဲ့ သိတာလေ။ ဦးထိက ဒယ်ဒီနဲ့
စီးပွားရေး ပါတနာတွေလေ မာမီ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now