အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 19 ]

261 17 1
                                    

အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 19 ]

" ကျေးဇူးပါ နန်းမိုင်သဲခေတ်
မင်းကို ငါ မထင်ထားခဲ့ဘူး။
ဒီလောက်အထိ ကတိတည်ပေးမယ်လို့။ "

ထမင်းစားပြီးတာနဲ့ နန်းမိုင် ကို ခြံဝအထိလိုက်ပို့ပြီး
ကျေးဇူးတင်လာသော ဦးထိရဲ့အပြုံးတွေက
နန်းမိုင် အတွက် တွေ့ရခဲလွန်းအားကြီးသည်။

ကျွန်းပေါ်မှာ နှစ်ယောက်တည်း ရှိချိန်တောင်
နန်းမိုင် ဒီလိုမတွေ့ခဲ့ရဘူးလေ။
လက်ခံသင့်ပါပြီ။ ဒီလူသားလေးက
နန်းမိုင် အပိုင်မဟုတ်ဘူးဆိုတာကို။
နန်းမိုင် ချစ်ရတဲ့ မာမီရောကအစ။

" ဟီးဟီး မာမီကတော့ လုပ်ပြီ။
အဲ့ဒီလိုကြီး မပြောနဲ့လို့။ "

" မာမီ ပြောတာမဟုတ်ဘူးလေ။
သမီး အန်တီကြူမိုး ပြောတာကို
ဟင်းဟင်း.... "

" ဟင်းဟင်း "

ပျံ့လွင်လာသော ရယ်သံတွေကြား
နန်းမိုင် ငေးကြည့်မိသွားသည်။ မာမီက
ပျော်နေတာပဲ။ အန်တီကြူမိုး ကအစ။

" ဦးထိ နန်းမိုင် ပြန်တော့မယ်။ "

" ရလား ငါ့ ကားနဲ့ လိုက်ပို့ပေးမယ်လေ။ "

" ဘယ်သင့်တော်မှာလဲ။ ဦးထိက ပိုင်ရှင်
ရှိသွားပြီလေ။ လိုက်မပို့တာပဲ
ကောင်းတယ်။ တစ်ဖက်လူအတွက်
တစ်မျိုးဖြစ်သွားရင် မကောင်းဘူး ဦးထိရဲ့
နောက်ပြီး နန်းမိုင်ကလည်း ပိုင်ရှင်ရှိရင်
ရှောင်တယ်။ "

" မင်းကတော့ တကယ့် ဟာလေးပဲ။ "

" ကံကောင်းတယ်မှတ်နော်။ နန်းမိုင် လို
တစ်ဖက်သားကို တွေးပေးတတ်တဲ့လူကို
သူငယ်​ချင်းအဖြစ်​ ဦးထိ ရထားလို့။ ပြန်ပြီ ဦးထိ။
အစစအရာရာအတွက် ကျေးဇူးတင်ပါတယ်။
ကျေးဇူးပါ။ "

နန်းမိုင် နောက်ပြန်နှုတ်ဆက်လိုက်ရင်း
ကားပေါ်ကို တက်လာခဲ့လိုက်တော့သည်။

ရင်တစ်ခုလုံးလည်း နာကျင်လွန်းလို့
အားပင်မရှိချင်တော့။ ဒါပေမဲ့ အတတ်နိုင်ဆုံး
နန်းမိုင် ပြုံးထားနိုင်ခဲ့တယ်လေ။

နန်းမိုင် မတော်ဘူးလားဟင်။

ကားမှန်ကနေ နန်းမိုင် ကို ဦးထိ ငေးကြည့်
နေတဲ့အခါ ဒီလူသားက နန်းမိုင် အတွက်
မဟုတ်တော့ဘူးဆိုတာကို သိထားတော့
ကားကို လမ်းမကြီးထက် နန်းမိုင် တက်မောင်း
လိုက်တော့သည်။

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now