အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 22 ]

205 10 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 22 ]


" ကလေးတွေက သတင်းထွက်ထားတော့
မပေးစားလို့မရဘူး မနန်းအိမ်
ဒီအတွက် ကျမကို တစ်မျိုးမထင်ပါနဲ့။
ရှင်လည်းကျမနေရာမှာဆို ဒီလိုပဲလုပ်ပေးမိမှာပဲ။ "

" ဒါပေမဲ့ သားထိဘွား က သမီးနန်းမိုင်သဲခေတ်ကို
မချစ်ဘူးနော်။ သူ ချစ်တာက ကျမ သမီး
ဖြူစင်ကိုပါ။ အခုတောင် သူတို့ တွဲနေကြတာလေ။
အခု ရှင်က မင်္ဂလာပွဲကို လက်ခံလိုက်တော့
ကလေး နှစ်ယောက်စလုံး နာကျင်နေရတယ်သိလား။ "

ဒေါ်ကြူမိုး ဒီလောက်ထိ မရဘူးပြောပြနေတာတောင်
ချစ်တယ်ချည်းပဲ သုံးသုံးသွားတော့
ငြိမ်မနေချင်တော့။ ကိုယ့် သားအကြောင်း
ကိုယ် သိတယ်။ လူတစ်ယောက်ကို တော်ရုံမချစ်
မိသလို ခင်မိပြီဆိုရင်လည်း တဆုံး။
ဒါတင်မကသေး မိခင်နဲ့ သင့်တော်မယ့်
မိန်းကလေးကိုသာ လက်ထပ်မယ်ဆိုပြီး
ခေါင်းထဲ အမြဲတွေးထားတတ်သူ။

သမီးဖြူစင် နဲ့ တွဲတယ်ဆိုတာကလည်း
သူမ ခန့်မှန်းတာမမှားရင် ဒီလိုအချက်တွေကြောင့်ပင်။

" ဘယ်လိုလဲ။ ကျမ ပြောတာမှန်တယ်မလား မကြူမိုး
ရှင့် သားက ကျမ သမီးကို ချစ်သလို
ကျမ သမီးကလည်း ရှင့် သားကို ချစ်တယ်။ "
အခု သိပ်ကို ချစ်ကြတဲ့ ကလေးနှစ်ယောက်
ရှင့်ကြောင့် နာကျင်နေရပြီ။ ဒါကို ရှင်က
ကြည့်ရက်နိုင်တာပဲလား။ ဖြေအုံးလေ မကြူမိုး
ဒီတိုင်းကြီး တိတ်ဆိတ်မသွားပါနဲ့။ "

" ကောင်းပြီ ကျမ ဖြေမယ် မနန်းအိမ်
ကျမ သားအကြောင်း ကျမ သိတယ်။
တော်ရုံမချစ်တတ်ဘူး။ ရှင့် သမီးနဲ့ ရှိနေတဲ့
အခိုက်အတန့်တိုင်းမှာလည်း ကျမသား
ကောင်းကောင်းကြီး ပျော်ရွင်တာကို ကျမ
မမြင်ဖူးဘူး။ သားက ကျမ စကားကိုသာ
နားထောင်တဲ့သူ။ ကျမကိုလည်း အရမ်းချစ်တာ။
ယုတ်စွအဆုံး သူ လက်ထပ်ရင်တောင်မှ
ကျမနဲ့ သင့်တော်မယ့် မိန်းမမျိုးပဲ သူကရွေးမှာ။
အခု ရှင့် သမီးကို ရွေးလိုက်တယ်ဆိုတာကလည်း
ဒီအချက်တွေကြောင့်ပဲ။ သမီးဖြူစင် ကလည်း
သူ့ သူငယ်ချင်း ဖြစ်နေတော့ သူ အားနာပြီး
တွဲလိုက်ကြတာပဲရှိမှာ။ ဘာလို့ဆို ရှင့် သမီးကို
ချစ်တယ်လို့ ကျမ သားက ကျမကို
တစ်ခွန်းမှမပြောဖူးဘူး။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now