အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 16 ]

236 13 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 16 ]

" မကြူ ပြောတာမှန်တယ် သမီး..
ဒယ်ဒီ မျက်နှာကိုလည်း သမီး ထောက်ပါအုံး။
ဒယ်ဒီ သမီးလေး အရှက်ကွဲမှာ ဒယ်ဒီ
မလိုချင်ဘူး။ "

ဦးခေတ်လူ နဲ့ ဒေါ်ကြူမိုးရဲ့ စကားကလည်း
တန်းပြီးထွက်လာသလို မင်းထိဘွား ကလည်း
နန်းမိုင်သဲခေတ် ကိုသာ ကြည့်နေဆဲ။

" ဒယ်ဒီ.... နန်းမိုင် လက်မထပ်ချင်ဘူး။
လက်ထပ်ပြီး နန်းမိုင် မပျော်မရွင်ဖြစ်နေတာကို
ဒယ်ဒီ က မြင်ချင်တာလား။ နန်းမိုင်
ခံစားရမှာကို ဒယ်ဒီ က ကြည့်နေနိုင်တယ်ပေါ့။ "

နှုတ်ဆိတ်သွားတဲ့ ဒယ်ဒီ အခြေအနေတွေကြား
အမြဲတမ်း နန်းမိုင် ခံစားချက်ကိုသာ
ဒယ်​ဒီက ဦးစား ပေးတတ်သူဆိုတာ
နန်းမိုင်​ သိသည်။

" မောင်လေး... နန်းမိုင် ကို မကြူသားနဲ့
ပေးစားလိုက်ပါ။ မဟုတ်ရင် ကလေးက
အပြင်တွေသွားရင် နာမည်ပျက်နေမယ်။
သတင်းသမားတွေ အကုန်လုံးကလည်း
သားနဲ့ သမီး တစ်ပတ်တိတိကျွန်းပေါ်မှာ
နှစ်ယောက်တည်းရှိခဲ့တာကို သတင်းတွေထဲမှာ
ထည့်နေလောက်ပြီ။ "

" လက်ထပ်လိုက်ပါ ညီမလေး...
အစ်ကို့ သူငယ်ချင်းက ညီမလေး ကို
တာဝန်ယူမှာပါ။ ဟုတ်တယ်မလား
ထိဘွား "

" အင်း ငါ တာဝန်ယူပေးဖို့အဆင့်သင့်ပေါ့။
သူ့ဘက်ကသာ သဘောတူရင်။ "

ဦးထိ အသံက နန်းမိုင် ကို နှစ်နှစ်ကာကာ
လက်မထပ်ချင်ဘူးဆိုတာ ဘာလို့
ဘယ်သူမှ မသိကြတာလဲ။

" နန်းမိုင် ...ငါ့ သူငယ်ချင်းလေး
လက်ထပ်လိုက်ပါဟာ။ နင့်ကို
လူတွေ ဝိုင်းပြောမှာကို ငါ မလိုချင်ဘူး။ "

နန်းမိုင် အချစ်ဆုံး သူငယ်ချင်းပါ ပါလာတဲ့အထိ
အခြေအနေတွေက လက်ထပ်ဖို့ပဲ အားပေး
နေပေမဲ့ ဒယ်ဒီ နဲ့ ဦးထိကိုသာ နန်းမိုင်
ကြည့်နေမိသည်။

" နန်းမိုင် က အပြင်သွားလို့ သူများတွေ
ကဲ့ရဲ့မှာကိုလည်း မကြောက်ဘူး။
ကျွန်းပေါ်မှာလည်း ဦးထိနဲ့ နန်းမိုင် က ဘာမှလည်း
မဖြစ်ခဲ့ဘူး။ အဲ့ဒီအတွက် နန်းမိုင် က
ဘာတွေကို ဂရုစိုက်နေရမှာတုန်း။
မြန်မာအယူအဆ တစ်ခုကို နန်းမိုင် မကြိုက်ဘူး
သိလား။ အချိန်မတော်ကြီး ယောင်္ကျားလေး
တစ်ယောက် နဲ့ မိန်းကလေးတစ်ယောက်
အတူရှိမိလိုက်ရင် လက်ထပ်ချည်းပဲ။
ဒါပေမဲ့ ဒီနေ့လို အခြေအနေတွေမျိုးကြောင့်
အတူရှိမိသွားရင်ရော လက်ထပ်ရမှာပဲလား။
တကယ်လို့ ဒီနေရာမှာ နန်းမိုင် က
အိမ်ထောင်သည်တစ်ယောက်နဲ့ အတူရှိမိသွားရင်ရော
ရှိတဲ့သူနဲ့ လက်ထပ်ရအုံးမှာလား....?  "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Where stories live. Discover now