အချစ်တွေသာ စစ်မှန်မယ်ဆိုရင်_ [ P - 8 ]

190 8 1
                                    


အချစ်တွေသာ စစ်မှန်မယ်ဆိုရင် [ Part _ 8 ]

" မင်း ဘယ်လို မိန်းကလေးလဲ နန်းမိုင်သဲခေတ်..!  "

" ဦးထိကို ချစ်မိနေတဲ့ မိန်းမမျိုး...!  "

လက်ထဲက ပန်းကို နန်းမိုင် တစ်ဝကြီး
နမ်းရှိုက်ပစ်လိုက်ကာ ဦးထိ ကားပေါ်
တင်ပေးလိုက်တော့သည်။

" ချစ်တယ်နော် ဦးထိ... "

" နန်းမိုင်သဲခေတ်...!  မင်း ပန်းပြန်ယူသွား။ "

" ဦးထိကို ချစ်လို့ ပေးတာ။ ဦးထိ
ကြိုက်တာလုပ်။ "

ကားပေါ်က ဆင်းရင်း နောက်လှည့်မကြည့်ရင်း
နန်းမိုင် အော်နေခဲ့တာက ပန်းကို
နန်းမိုင် ဘက် ပစ်လွှင့်လာတဲ့ ဦးထိ​ကြောင့်
တစ်မျိုးလေး ဖြစ်သွားရပေမဲ့
ဂရုမစိုက်မိပါ။ ဦးထိက ဒီလောက်တော့
ရှိမှာပဲလေ။ ချေမိုးတတ်တဲ့ လူသားပဲကိုး။

*********************

" တိတ်ဆိတ်နေပါလား ဒယ်ဒီ သမီးလေးက....
မှန်းစမ်း။ ဘာလိုချင်လို့လဲ။ "

" ဘာမှမဟုတ်ပါဘူး ဒယ်​ဒီကလည်း။
ဒါပေမဲ့ ဒယ်ဒီကို နန်းမိုင် တစ်ခုမေးအုံးမယ်။
ယောင်္ကျားလေးတွေက ဘယ်လို မိန်းကလေးမျိုးမှ
ကြိုက်တတ်တာလဲဟင် ဒယ်​ဒီ... "

သမီးဖြစ်သူရဲ့ အမေးကြောင့် ဦးခေတ်လူ
မျက်ခုံးပင့်သွားရတော့သည်။ ဘာလဲ
သမီးလေး က ကြိုက်တဲ့သူ တွေ့နေပြီလား။

" ဧကန်န ဒယ်ဒီ ကို ဒီမေးခွန်းမေးပုံအရ
သမီးလေး တစ်ယောက်ယောက်ကို
ကြောက်နေပြီလား။ "

" ဒီတိုင်း မေးကြည့်တာပါ ဒယ်ဒီကလည်း။
နန်းမိုင် ကို ပုလိပ်စစ်နေပြန်ပြီ။
နန်းမိုင် မေးတဲ့မေးခွန်းကိုသာ ဖြေပေး... "

" ဖြေပေးရမှာပေါ့ သမီးလေးကို။ ဒီလို
ရှိတယ် သမီးလေးရဲ့။ ငါ့ သမီးလေး
ပုံစံလေးကိုပဲ ကောင်လေးတွေက
ကြိုက်ကြမှာ။ တော်လည်းတော်တယ်။
ထက်လည်းထက်မြက်တယ်လေ။ "

" ဒယ်ဒီကတော့ နန်းမိုင် ကို မြှောက်နေပြန်ပြီနော်။ "

" မမြှောက်ပါဘူး။ သမီးလေး မယုံရင်
ကောင်လေးတွေကို လိုက်မေးကြည့်လိုက်။
သူတို့ အကြိုက်က သမီးဆိုပြီး ဖြေကြလိမ့်မယ်။ "

အချစ်တွေသာစစ်မှန်မယ်ဆိုရင် 🖤🖤🖤🖤🌟🌟Unde poveștirile trăiesc. Descoperă acum