Prologue

18.3K 845 23
                                    

အလွန်ခမ်းနားတင့်တယ်လှတဲ့ မင်္ဂလာခန်းမ ... ထိုခန်းမ အတွင်းရှိ အ၀တ်လဲခန်း တစ်ခုအတွင်းမှာတော့ ၀တ်စုံအဖြူ ဖြင့် စမတ်ကျလွန်းလှသော ကောင်လေးတစ်ယောက် ..

သူကတော့ ... Byun baekhyun

°•°•°•°•

Baek's pov ;

နောက်ဆုံးတော့ ဒီနေ့ကို ရောက်လာခဲ့ပြီ ။ ကျွန်တော့်ဘ၀ရဲ့ ဒုတိယအကြိမ်မြောက် လက်ထပ်ပွဲ ။

မှန်ထဲက ကျွန်တော့်ပုံရိပ်ကတော့ ပျော်ရွှင်နေသလား နာကျည်းနေသလား မသဲကွဲ ..
အတန်ငယ် ချောင်ကျနေတဲ့ မျက်နှာလေးကို အားတင်းကာ ပြုံးနေရသည်မှာလည်း ၀ဋ်ကြွေးတစ်ခုလို ..

" hyun !! အားလုံးအဆင်သင့်ဖြစ်ပြီလား ? "

အတွေးလွန်နေတုန်း အခန်းထဲဝင်လာတဲ့ ကျွန်တော်နဲ့ ဆင်တူဝတ်စုံ အဖြူ ရောင်ကို ၀တ်ထားသော ကျွန်တော့်ရဲ့ သတိုးသားလောင်း .. Oh Sehun ..

" အင်း ဖြစ်ပြီ hun nah ~ "

နှလုံးသားက နာကျင်မှုတွေကို လစ်လျူ ရှူလိုက်ရင်း ပါးပြင်မှ ကြွက်သားတို့ကို အလုပ်ပေးလိုက်ရင်း ဖျော့တော့သော အပြုံးတုတစ်ခုဖြင့် ပြန်ပြောလိုက်သည် ။

" ခေါ်ရင် ထွက်လာခဲ့လိုက်နော် .. သွားပြီ "

ကျွန်တော့် ပါးပြင်ကို ကြင်ကြင်နာနာနမ်းလိုက်ပြီး ပြုံးပြကာ ထွက်သွားတဲ့ hun ရဲ့ မျက်ဝန်းထဲက စိတ်မချမှု တစ်ချို့ကို သတိထားမိလိုက်တော့ .. ဟန်ဆောင်မကောင်းလွန်းသည့် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်လိုက်မိသည် ။

*ငါဟာ .. ငါနဲ့ ပတ်သက်မိသမျှ လူတွေကို အမြဲနာကျင်အောင် လုပ်နေမိတာပဲလား *

အောင့်တက်လာသော ရင်ဘတ်မှ ဆို့နင့်မှုကြောင့် အသက်ကို ဖြေးဖြေးပြန်ရှူထုတ်လိုက်ရင်း ခေါင်းထဲဝင်လာတဲ့ အတိတ်က လူတစ်ယောက် အကြောင်းကိုလည်း မောင်းထုတ်လိုက်မိသည် ။

*မင်း ဒီအချိန်မှာ သူ့ကို တမ်းတနေသေးရင် .. Hun အပေါ် သစ္စာဖောက်သလို ဖြစ်သွားလိမ့်မယ် .. မတွေးနဲ့တော့ *

ကျွန်တော့်အပေါ် ကောင်းလွန်းတဲ့ hun ရဲ့ မျက်နှာကို မြင်ယောင်မိတော့ ကိုယ့်အတွေးကို ပြန်ချိုးနှိမ်လိုက်မိသည် ။

ကျွန်တော့်ရဲ့ မင်္ဂလာပွဲကို သူများ လာလေမလား ?!

အဲ့ဒီအတွေးကို တွေးမိတော့ ကိုယ့်ကိုကိုယ်လှောင်ရယ်လိုက်မိသည် ။ မင်း အခုချိန်ထိ ဆေးမိနေတုန်းပဲ .. Byun baekhyun ..

"သတိုးသား ခန်းမ ထဲသို့ ၀င်လို့ရပါပြီ "

ခေါ်သံကြားတော့ ဘယ်အချိန်က ကျသွားမှန်းမသိတဲ့ မျက်ရည်ကို အသာအယာသုတ်ရင်း အပြုံးတစ်ခုကိုသာ မျက်နှာထက် တပ်ဆင်လိုက်မိသည် ။

တစ်လှမ်းချင်း လျှောက်လာတော့ ခန်းမထိပ်မှာ ကျွန်တော့်ကို သွားစွယ်တွေ ပေါ်အောင် ပြုံးပြနေတဲ့ sehun ..

Sehun ရဲ့ မျက်နှာကို ကြည့်ရင်း လွန်ခဲ့တဲ့ နှစ်နှစ်ခန့်က ထိုနေရာမှာပဲ ကျွန်တော့်ကို တင်းမာနေသော မျက်နှာထားဖြင့် တည်ငြိမ်လွန်းစွာ စောင့်နေခဲ့သော လူတစ်ယောက်ရဲ့ ပုံရိပ်က ရုပ်ရှင်ရိုက်ထားသလို ဖျက်ခနဲ ဖျက်ခနဲ ..

ခွေယိုင်လဲချင်နေတဲ့ ခြေထောက်တွေကို မပြိုလဲအောင် ကြိုးစားရသည်မှာလည်း ပင်ပန်းလွန်းလှသည် ။

ခန်းမထိပ်ကို ရောက်သွားတော့ ကျွန်တော့်လက်ကို နူးညံ့စွာ ဆုပ်ကိုင်ပေးထားတဲ့ hun ..

ဒါပေမယ့် ကျွန်တော်ဟာ နွေးထွေးလွန်းတဲ့ လက်တစ်ဖက်ထက် တစ်ချိန်က နာကျင်အောင် ကျွန်တော့်လက်ကို ဖြစ်ညစ်ခဲ့တဲ့ သူ့ရဲ့ လက်ဖ၀ါးကြီးကိုသာ တမ်းတနေခဲ့မိသည် ဆိုပါလျှင် ....

To Be Continue ..

စိတ်ဝင်စားကြပါသလား ?
Threesome လေးပါ ။

#Plz say something ..

I love all of my readers .. 😘😘😘




Value Of Tear// Completed //Onde histórias criam vida. Descubra agora