9) Value of his help

6.3K 633 84
                                    

Sehun's pov ;

ကျွန်တော် အစက သေချာမသိခဲ့ဘူး .. နှလုံးသားဆိုတာ ဦးနှောက်ရဲ့ ထိန်းချုပ်မှုကို ငြင်းဆန်ခွင့် မရှိဘဲ လိုက်နာရမယ်လို့ပဲ ယုံကြည်ထားခဲ့တာ ..

ဒါပေမယ့် အခုတော့ ကျွန်တော် သိလိုက်ပြီ။ ဦးနှောက်က မဖြစ်သင့်ဘူးလို့ ဘယ်လောက်ပဲ ငြင်းဆန်နေပါစေ နှလုံးသားလေးက သူနဲ့တွေ့ရင် ထိန်းချုပ်မရအောင် အလိုလို လှုပ်ရှားလာမြဲ ..

စတွေ့ကတည်းက အများအလည်မှာ ကူကယ်သူကင်းမဲ့စွာ အနိုင်ကျင့်ခံနေရတဲ့ သူ့ကို ဘာမှမဆိုင်ဘဲ ကူညီပေးမိခဲ့တာ .. ကံကောင်းထောက်မစွာ ကျွန်တော့် နှလုံးသားရဲ့ ပိုင်ရှင်ကို ပြန်တွေ့ရပေမယ့် .. သူဟာ ပိုင်ရှင်ရှိပြီးသား ငှက်ငယ်လေးတစ်ကောင် ဖြစ်နေခဲ့တယ် ..

သူ့ရဲ့ ပိုင်ရှင်က သူ့ကို ဘယ်လောက်ပဲ အနိုင်ကျင့်နေပါစေ .. ဘယ်လောက်ပဲ လှောင်အိမ်ထဲ ပိတ်လှောင်ထားပါစေ .. ကျွန်တော့်မှာ သူ့ကို လှောင်အိမ်ထဲကနေ ဆွဲထုတ်ပေးဖို့ အခွင့်မရှိခဲ့ ..

အမြဲလိုလို မျက်ဝန်းထဲက ၀မ်းနည်းမှုတွေကို ဟန်ဆောင်အပြုံးတွေနဲ့ ဖုံးကွယ်ထားတာ မြင်နေရပေမယ့် ကျွန်တော့်မှာ သူ့ကို ကျွန်တော့်ပခုံးထက် လွတ်လပ်စွာငိုကြွေးပါလို့ တောင်းဆိုခွင့်မရှိခဲ့ ..

နာကျင်လွန်းတဲ့ ဒီချောက်နက်ကြီးထဲကနေ ကြိုးစားပြီး လွတ်မြောက်အောင်လုပ်ကာ ကျွန်တော့်လက်ကို ဆွဲကိုင်ထားပေးပါလို့ ပြောရန် ကျွန်တော်မှာ အတ္တကြီးခွင့် မရှိခဲ့ ..

အနားမှာနေကာ သူငယ်ချင်းတစ်ယောက်လို နှစ်သိမ့်ပေးဖော် အားပေးဖော် တစ်ယောက်အနေနဲ့ အမြဲလိုလို ရှိနေပေးချင်မယ့် ထိုထပ်ပိုလျှံချင်လာသော ရင်ခုန်သံအချို့ကို ထိန်းချုပ်ထားရသည်မှာ မလွယ်လှ ..

အခုလည်း ဖုန်းဆက်လိုက်တာနဲ့ သူရဲ့ ငိုသံက ကျွန်တော့်အား ဆီးကြိုနေလေတော့ ဘာဆက်ဖြစ်ဖြစ် ကျန်တာမတွေးချင်တော့ပဲ သူ့အား ပြန်ခေါ်လာဖို့သာ ဆုံးဖြတ်ထားသည် ။

Baekhyun !!  မင်းသိရဲ့လား .. မင်းရဲ့ မျက်ရည်တွေက ငါ့ကို အဆုံးစွန်ထိ မိုက်မဲအောင် လုပ်နိုင်တယ်ဆိုတာ ..

Value Of Tear// Completed //Unde poveștirile trăiesc. Descoperă acum