15)Value of His Hug

5.1K 527 31
                                    

တစ်ကယ်တော့ လောကမှာ မဖြစ်သင့်တဲ့အချစ်ဆိုတာ ရှိမှမရှိပဲ .. ပိုင်ရှင်ရှိတဲ့ လူတစ်ယောက်ကို ရူးသွပ်စွာ ချစ်မိနိုင်သလို .. လုယူပိုင်ခွင့်သည်လည်း ရှိသင့်သည်မဟုတ်ပါလား ..

သို့ပေမယ့် ကျွန်တော်သည် သူ့နှလုံးသားကိုသတ်ပြီးမှ သူ့ခန္ဓာကိုယ်အား မပိုင်ဆိုင်လိုပါ ။ ကျွန်တော့် ဘ၀တစ်ခုလုံးနှင့် အလဲအထပ်လုပ်ရပါစေ .. သူ့၏ ပျော်ရွှင်မှုကိုသာ မြတ်နိုးစွာ ငေးကြည့်လိုပါသည် ။  ဒါ ကျွန်တော် သူ့အပေါ်ထားရှိသော အချစ် .. ။

✨✨✨

Sehun's pov ;

ခရီးထွက်မည်ဆိုကတည်းကပင် baekhyun အား လိုက်လံပြသရန်အတွက် ရှူခင်းလှသော နေရာများကို အားကြိုးမာန်တက် ရှာထားသည်မို့ အတူတူသွားကြည့်ရန် baekhyun အားခေါ်လာခဲ့သည် ။

" သဘောကျရဲ့လား ? "

နေလုံးကို လှမ်းမြင်နေရသည့် သစ်တုံးတစ်တုံးပေါ် ထိုင်ကာ မျက်တောင်မခတ်တမ်း ဆည်းဆာအလှအား ပြုံးကာ ကြည့်နေသော baek အား ငေးကြည့်ရင်း မေးခွန်းထုတ်မိသည် ..

သူ့၏ အပြုံးတစ်ပွင့်အား ဖန်ဆင်းပေးနိုင်သည်ဆိုသည့် အတွေးတစ်ခုကြောင့် စိတ်ထဲ ကြည်နူးမှုများဖြင့် ပြည့်နှက်လို့ ..

" ဘာတွေ ပြုံးနေတာလဲ ? "

ကျွန်တော့် အမေးအား မကြားဟန်တူရဲ့ .. အဖြေစကား မထွက်လာသည်မို့ နောက်တစ်ကြိမ် ထပ်မေးမိလေတော့ ..

" ဟီးး .. Chanyeol ကို ရုတ်တရက် သတိရမိလို့ "

သူ့ဦးနှောက်ထဲရှိ သွေးကြောသေးသေးလေးများအထိ ပြည့်နှက်စွာ နေရာယူထားနိုင်သော Park chanyeol အား ကျွန်တော် အမှန်ပင် မုန်းမိပါသည် ။ လစ်လပ်သော နေရာတစ်ခုမျှပင် မရှိ၍လား ? ကျွန်တော်၏ အမည်နာမသည် သူ့နှုတ်ဖျားထက်မှပင် မလွင့်စင်လာခဲ့ ..

" ဪ .. "

မည်သည့်စကားအား ဆိုသင့်သည်ကို ကျွန်တော်မသိ ။ လှပသော ရှူခင်းကပင် နောက်ကျိနေသော စိတ်အစဉ်အား ပြေသွားအောင် စွမ်းဆောင်ပေးနိုင်စွမ်း ကင်းမဲ့စွာ .. အလိုအလျှောက် ထွက်လာသော အာမေဋိတ်သံနောက်က ကွဲရှသွားသော နှလုံးသား၏ အသံသဲ့သဲ့အား သူမကြားမိစေရန် ဆုတောင်းမိပါရဲ့ ..

Value Of Tear// Completed //Where stories live. Discover now