Value Of Tear(season 2)

4.4K 248 26
                                    

နာကျင်မှုတွေ .. ရူးသွပ်မှုတွေ .. အားလုံးဟာ ပြီးဆုံးသွားခဲ့ပြီလို့ ကျွန်တော်တို့အကုန်လုံး ထင်ခဲ့ကြတယ် .. ။

ဒါပေမယ့် .. မမြင်နိုင်တဲ့ ကံကြမ္မာဟာ ကျွန်တော်တို့အတွက် ကြောက်စရာကောင်းတဲ့ ဇာတ်ညွန်းတစ်ခုကို ထပ်ပြီးရေးဆွဲတယ် .. ။

ထွက်ပြေးချင်မိတဲ့ ..
လွတ်မြောက်ချင်မိတဲ့ ..
မုန်းတီးစရာကောင်းတဲ့ လှောင်အိမ်တစ်ခု ။
ဘယ်လောက်ပဲ ရုန်းထွက်ဖို့ကြိုးစားပါစေ .. အကြိမ်ကြိမ် ပိတ်မိနေတဲ့ လှောင်အိမ်တစ်ခု ..

အချစ်က ..
ဟိုးအရင်ကလို .. မျက်ရည်တွေနဲ့ ပုံဖော်ထားတဲ့ ..
ပန်းချီကားတစ်ချပ် ဖြစ်နေဆဲ ..

ပျော်ရွင်စရာနည်းနည်းလေးမှ မပါဝင်တဲ့ .. ပန်းချီကားတစ်ချပ် .. ။

💔💔

ကျွန်တော် သူ့ကို အရာအားလုံးပေးအပ်ခဲ့တယ် ..

ခန္ဓာကိုယ် .. အသွေးအသား .. ။

ဒါပေမယ့် .. အဲ့ဒီအထဲမှာ ..

အချစ်တော့ မပါခဲ့ဘူး ။

ငါ မင်းကို ဘယ်တုန်းကမှ မချစ်ခဲ့ဖူးသလို .. နောင်လဲ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး .. Oh Sehun..

အားလုံးအတွက် တောင်းပန်ပါတယ် ။

Byun Baekhyun

💜💜💜

ခင်ဗျားကို ကျွန်တော်မသိဘူး ..

ကျွန်တော်မပါဝင်တဲ့ .. ကျွန်တော်နဲ့ မသက်ဆိုင်တဲ့ အတိတ်ကာလအတွက် ခင်ဗျားဘယ်လောက်ပဲ ငိုပြနေပါစေ ..

ကျွန်တော် ခင်ဗျားကို မသနားဘူး ။

ပြီးတော့ .. ခင်ဗျားကို ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူး ။

Park Chanyeol

💛💛💛

ကိုယ်ဘယ်တုန်းကမှ မင်းကို အတ္တကြီးလွန်းတယ်လို့ မသတ်မှတ်ခဲ့ဖူးဘူး ။

အချိန်အတိုင်းအတာတစ်ခုကို ရောက်လာရင် မင်းကိုယ့်ကို ချစ်လာလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ အသက်ဆက်တယ် ..

ဒါပေမယ့် .. မင်းက .. ငါ သတ်မှတ်ထားတာထက် အဆပေါင်းများစွာ ကြောက်ဖို့ကောင်းတယ် ..

ရက်စက်တတ်တယ် .. သွေးအေးတတ်တယ်

မင်း တစ်ကယ်ပဲအများကြီး ပြောင်းလဲသွားခဲ့တယ် .. ။ မယုံကြည်နိုင်လောက်တဲ့ ရူးသွပ်မှုတွေနဲ့အတူ ..

Oh Sehun

......... To Be Continue .........

Cover လည်းရပြီဆိုတော့ အမြည်းအနေနဲ့ Prologue လေး တင်ပေးထားပါတယ် ။ Wall ထဲမှာ လာကြည့်နိုင်ပါတယ် 😍😍

ဒီ Season 2 မှာ Season 1 နဲ့မတူဘဲ လုံးဝမမျှော်လင့်ထားတဲ့ ပြောင်းလဲမှုတွေ ရှိမှာပါ ။

Character တွေရဲ့ တည်ရှိမှုဟာ အားလုံးခန့်မှန်းထားတာနဲ့မတူပဲ ကွဲထွက်သွားမှာမို့ စိတ်ဝင်တစား စောင့်ကြည့်ပေးကြပါ ။

Season 1 တုန်းကလိုပဲ အားပေးကြပါ ။ စာဖတ်သူများ နှစ်ခြိုက်ကြလိမ့်မည်ဟု မျှော်လင့်ခြင်းများဖြင့် Season 2 အား အသက်သွင်းလိုက်ပါသည် ။

SE လား HE လားမေးခြင်းမျိုး သည်းခံကြပါရန် 😝😝 ..

လေးစားစွာဖြင့် PuppyYoda_lover

You've reached the end of published parts.

⏰ Last updated: Apr 26, 2018 ⏰

Add this story to your Library to get notified about new parts!

Value Of Tear// Completed //Where stories live. Discover now