3)Value Of Your Smile

8.2K 659 25
                                    

" ကိုယ် baek ကို သိပ်ချစ်တယ် "

စူးရှလွန်းတဲ့ သူ့အကြည့် .. တည်ငြိမ်လွန်းတဲ့ သူ့မျက်နှာထား .. နီရဲနေတဲ့ သူ့နှုတ်ခမ်းထူထူလေးက ထွက်လာတဲ့ အဆက်အစပ်မရှိ စကားလုံးတွေကြား ကျွန်တော့် အသက်ရှူသံတွေက ခဏတာရပ်တန့်လို့ ..

မုန်းတယ်လို့ အမြဲမျက်စိစုံမှိတ်အော်နေတဲ့ လူတစ်ယောက်ပါးစပ်ထွက်လာတဲ့ ဒီလိုယုံတမ်းစကားတွေကို အမှန်တရားဖြစ်ရင် သိပ်ကောင်းမှာပဲ တွေးနေမိတဲ့ ကျွန်တော်ကလည်း သူနဲ့ထပ်တူ ရူးနေတဲ့လူပဲ ဖြစ်မှာပေါ့လေ ..

သုံးစက္ကန့်မျှ အချိန်ခဏအတွင်း ဦးနှောက်ထဲ အတိုင်းအဆမရှိ တိုးဝင်လာတဲ့ မယုံကြည်ဖို့ အချက်ပြအသံများကို ကြားနေသော်ငြား ခဏလေး .. ခဏလေးလောက်ပဲဖြစ်ဖြစ် .. သူ့စကားကို ကျွန်တော် ယုံကြည်ချင်မိပါတယ် ။

" ဟက် .. ဘာလဲ ရင်ခုန်လွန်းလို့ စကားတောင်မပြောနိုင်တော့ဘူးလား "

ကျောက်ရုပ်ကဲ့သို့ ငြိမ်သက်နေသော ကျွန်တော်ကို စိုက်ကြည့်ရင်း ပြောလိုက်တဲ့သူ့စကားသံထဲ လှောင်ပြောင်မှု တစ်ချို့ကိုများ မြင်လိုက်ရသလားလို့ ..

" မဟုတ် .. မဟုတ်ပါဘူး "

အထစ်ထစ် အငေါ့ငေါ့ ထွက်လာတဲ့စကားတို့ကလည်း အစီအစဉ်မကျ .. မြန်နေသော နှလုံးခုန်သံတွေကို သူများကြားသွားလေမလား ?

" ယုံလား ? "

" ဟင် !! "

" ငါ ချစ်တယ်လို့ ပြောတဲ့စကားကို .. ယုံလားလို့ ? "

နှုတ်ခမ်းများကို ဆွဲဆောင်မှုရှိရှိ တွန့်ချိုးကာ သူမေးခွန်းထုတ်လေသည် ။

ကျွန်တော်သိလိုက်ပြီ ။ သူ ကျွန်တော့်ကို စနောက်နေခဲ့တာ ..

" မယုံနဲ့ !! "

သူ သတိပေးနေတာလား ?

အသက်မဲ့နေတဲ့ သူ့အကြည့်တို့က နှလုံးသားကို နာကျင်စေသည် ။

" နောင်တစ်ချိန် ငါ့ပါးစပ်က ချစ်တယ်ဆိုတဲ့စကား ထပ်ထွက်လာခဲ့ရင်တောင် .. ရင်မခုန်နဲ့ .. မင်းနှလုံးသားကို သတိပေးထား !! ဒါ .. မင်းကိုသိပ်စလို့ကောင်းတဲ့ ပြက်လုံးတစ်ခု ဖြစ်တာကြောင့် .. "

Value Of Tear// Completed //Wo Geschichten leben. Entdecke jetzt