4)Value Of Me

7.8K 656 16
                                    

Baek's pov ;

ချယ်ရီပန်းတွေ အစီအရီ ပွင့်နေတဲ့ လမ်းမပေါ် ဖြည်းဖြည်းချင်းလျှောက်ရင်း ပန်းရနံ့သင်းသင်းလေးတွေကို ရှူရိုက်ရတာလည်း အရသာတစ်ခု ..

ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း ခြေဖ၀ါးအောက် နင်းခြေခံလိုက်ရတဲ့ ချယ်ရီပန်းတွေကို ကြည့်ရင်း ရင်ထဲဆူးနင့်လာသလို ..

မင်းတို့တွေသာ အသက်ရှိရင် နာလွန်းလို့ မနင်းခြေပါနဲ့လို့ တောင်းဆိုလေမလား ?

စကားလေးတစ်ခွန်းလောက် ..
အပြု အမူလေးတစ်ခုလောက် ..
မဲပြုံးတစ်ခုလောက်နဲ့တင် သေမတတ်နာကျင်နေတယ်ဆိုရင် .. မင်းတို့သာဆို ဘယ်လောက်များ နာကျင်လိုက်မလဲနော် ..

မြေကြီးပေါ် ကြွေကျနေတဲ့ ချယ်ရီပန်းတွေကို ကြည့်နေရာက တဖြည်းဖြည်း ၀ါးလာသည်မို့ မျက်လုံးတွေကို မှိတ်ချလိုက်တော့ ပါးပြင်ပေါ် မျက်ရည်စက်တွေက နေရာယူလျက်သား ..

အတွေးတွေကတော့ နေ့ခင်းကတွေ့ခဲ့ရတဲ့ ပုံရိပ်တစ်ခုထဲမှ ရုန်းမထွက်နိုင်သေး ..

မြတ်နိုးလွန်းတဲ့ သူ့ရဲ့ စန္ဒယားတီးနေတဲ့ ပုံစံလေးကိုကြည့်ရင်း တစ်ယောက်တည်းရူးသွပ်စွာ ငိုနေမိတာ .. သူမြင်သွားလေရဲ့ ။ အစကတော့ သူကျွန်တော့်ကို ပြုံးပြတယ်ထင်ခဲ့တာ ။ေ၀၀ါးနေတဲ့ မျက်ဝန်းတွေက သူ့ရဲ့အပြစ်ကင်းစင်လှတဲ့ အပြုံးတစ်ခုကို သဘာဝကျကျ အသက်သွင်းပုံဖော်လိုက်မိတယ် ထင်ပါရဲ့ ။

လက်တွေ့မှာတော့ ခက်ထန်နေတဲ့ မျက်နှာထား .. အကြည့်စူးစူးတို့ကသာ ကျွန်တော့်ကို ဆီးကြိုနေခဲ့တာ ..

လျင်မြန်လွန်းလှတဲ့ ပြောင်းလဲမှုတွေနောက် အမှီလိုက်ရာတာ ထင်သလောက်တော့ မလွယ်ခဲ့ ။ မနေ့တစ်နေ့ကတင် ပြုံးပြရင်း စန္ဒယားတီးသင်ပေးခဲ့တဲ့သူက နောက်တစ်နေ့မှာ ဒေါသတကြီး ရောက်လာပြီး မင်္ဂလာပွဲကို လက်မခံဖို့ လာပြောတဲ့ အချိန်ထိ ကျွန်တော် ဘာကိုမှ သေချာမသိသေး ..

နောက်တော့မှ Appa Yixing က လက်ထပ်ဖို့ တိုက်တွန်းလာခဲ့ပြီး သူ့သားကို ရအောင်ပြောပေးပါမယ် ဆိုတဲ့ ချိုသာတဲ့ စကားအောက် ကျွန်တော် အရှူံးပေးခဲ့တာ ..

Value Of Tear// Completed //Where stories live. Discover now