22) Value Of His Betrayal

4.9K 536 97
                                    

ပြောခွင့်မရှိခဲ့ရင်တောင် ..
ပြောခွင့်မရှိတော့ဘူး ဆိုရင်တောင် ..
တစ်ခါလောက်ပဲ ဖြစ်ဖြစ် ..
တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် ..
မင်းရဲ့ ခန္ဓာကိုယ်လေးကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်ရင်း ..
မင်းရဲ့ နဖူးလေးကို ခပ်ဖွဖွနမ်းရှိုက်ရင်း .. ပြောပြချင်ပါတယ် ..
သိပ်ချစ်ပါတယ် ဆိုတဲ့အကြောင်း .. ။

❤❤❤

Baekhyun's pov;

" ဟုတ်တယ် .. ကျွန်မမှာ Park Chanyeol နဲ့ ရထားတဲ့ ကိုယ်ဝန် ရှိနေပြီ "

Lee Dahae ဆိုသော အမျိုးသမီးအား စကားတစ်ခွန်းလေးမျှပင် ခွန်းတုံ့ပြန်မပြောနိုင်ခဲ့ပဲ .. ကော်ဖီဆိုင်ထဲက ထွက်လာခဲ့ပေမယ့် .. ထိုစကားလုံးများက နားထဲ သံမှိုရိုက်ထားသလားဟု ထင်မှတ်ရလောက်အောင်ပင် ထပ်ခါထပ်ခါ ပြန်ကြားနေရဆဲ .. ။

" အင့် .. "

လည်ချောင်းထဲအထိ ဆို့နင့်တက်လာသော မွန်းကြပ်မှုများကို အဝေးသို့ လွင့်ထုတ်ပစ်လိုက်ချင်သော်ငြား ထင်သလိုမဖြစ် ..

" တောက် !! ဘယ်လိုလူလဲကွာ "

ဒယိမ်းဒယိုင်ဖြင့် လူအများရှူပ်ထွေးနေသော လမ်းမထက် မျက်ရည်များဖြင့် လျှောက်သွားနေသော ကျွန်တော့်ကို သနားစဖွယ်ဟူသော မျက်ဝန်းများဖြင့် ကြည့်သွားကြသလို .. မတော်တဆ ၀င်ထိုင်မိသောကြောင့် ဆဲဆိုသွားသူများလည်း ရှိကြသည် ။

မြင်နေရသော လမ်းမကြီးပင် ဇောက်ထိုးမိုးမျှော်ဖြစ်လာသလို .. ဖြတ်သွားနေသော လူများ၏ ပုံရိပ်တို့သည်ပင် နှစ်ထပ်ဖြစ်လာသလို ..

ဒီလောကကြီးက နဂိုကတည်းက ဒီလိုပဲလား ။ နာကျင်ရပြီး .. မွန်းကြပ်ရပြီး .. သေမတတ်ခံစားရပြီး .. စွန့်ပစ်ခံရပြီး .. အထီးကျန်ရပြီး .. ဒီလို ရက်စက်တတ်တာပဲလား ။

ဘေးနားမှ ဖြတ်သွားသော စုံတွဲများကိုလည်း အားကျမိသည် ။ ၀ယ်သူများအား နည်းလမ်းမျိုးစုံဖြင့် အော်ဟစ်စွာ ရောင်းချနေကြသော ဈေးရောင်းသူများကိုလည်း အားကျမိသည် ။ ဈေးတန်းထဲ ဂျိုကာမျက်နှာ ဆေးခြယ်ထားကာ ကလေးများ တောင်းဆိုထားသော ပူဖောင်းပုံစံများ လုပ်ပေးနေသည့် ပူဖောင်းရောင်းသူကိုလည်း အားကျမိသည် ။

Value Of Tear// Completed //Where stories live. Discover now