17)Value of Our Decision

5.1K 579 34
                                    

တစ်ကယ်တော့ မင်းက ..
လက်ထဲမှာ ရှိနေတဲ့ အညိုရောင် သဲပွင့်တွေလိုပဲ .. တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ဖို့ ကြိုးစားလိုက်တိုင်း လက်ကြားလေးတွေထဲကနေ .. သိမ်မွေ့စွာခုန်ဆင်းထွက်ပြေးသွားတတ်တယ် .. ။

💛💛💛💛

Chanyeol's pov ;

" ကွာရှင်းပေးမယ်ဆို .. မင်းတို့နှစ်ယောက်လုံး ကျေနပ်မယ်မဟုတ်လား ? "

ကျွန်တော်ပင် သတိမထားမိခင် နှုတ်ဖျားမှ ထွက်ကျလုပြီးသော စကားလုံးအချို့ .. ။

ဟင့်အင်း ။ ကျွန်တော့်မှာ ဒီစကားကို ပြောချင်တဲ့ ဆန္ဒတစ်စိုးတစ်စလေးမျှပင် မရှိ .. သို့ပေမယ့် ထိုစကားအား ပြန်ရုပ်သိမ်းလိုစိတ် ရှိမနေ ။

အံဩစွာဖြင့် အတန်ငယ် ပွင့်ဟသွားသော ကျွန်တော်မြတ်နိုးရပါသည့် နှုတ်ခမ်းလုံးလုံးလေးအား ဗလာကင်းမဲ့နေသော အသိစိတ်ဖြင့် ကျွန်တော်ကြည့်နေမိလေရဲ့ .. ။

" Yeol .. Yeol ah !! "

တုန်ရီစွာဖြင့် ထွက်လာသော အသံသေးသေးလေးက အမှန်တစ်ကယ် ထိတ်လန့်သွားတာ ဟုတ်ရောဟုတ်ပါ့မလား ?

ကွာရှင်းဖို့ !! ဒီလို စကားမျိုးကို ကျွန်တော် ရူးမိုက်စွာ ဆိုခဲ့မိသည်တဲ့ .. စိတ်ရင်းအမှန်ကို သူ့အား ပွင့်လင်းစွာ မဖော်ပြမိခဲ့သော်ငြား .. သူ့နံဘေး ရှိနေချင်သော စိတ်ကို ကိုယ်ကိုယ်တိုင်သာ နားလည်လိမ့်မည် ။

ကျစ် .. ကျွန်တော်ဟာ သစ္စာမရှိတဲ့ လူတစ်ယောက်ရဲ့ ကြွယ်ဝလွန်းတဲ့ မာယာတွေထဲ နစ်မြုပ်သွားပြီ ထင်ပါရဲ့ ။ ရွံ့ညွန်ထဲ ကျွံကျသွားတဲ့ လူတစ်ယောက်လို ရုန်းကန်ပြီး လွတ်မြောက်အောင် ကြိုးစားနေတဲ့ အချိန်မှာ .. သူတောင်မသိလိုက်ခင် .. တစ်စထက်တစ်စ ပိုပြီးနစ်မြုပ်လာခဲ့ပြီဆိုတာ .. ။

" Yah .. Park Chanyeol !! "

ထပ်ပြီး သည်းမခံနိုင်တော့ဟန်တူသော Kris က ထိုင်နေရာမှ ထလိုက်ကာ လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ထားလေရဲ့ ..

Value Of Tear// Completed //Where stories live. Discover now