2)Value Of Your Scent

9K 638 48
                                    

Warning !! This part include Rated M scene .. So if you don't wanna read , you can pass this .. Don't bash me !!

                 *-*-*-*-*

Baek's pov ;

ကျွန်တော့်အနားကို တစ်ဖြည်းဖြည်းတိုးကပ်လာတဲ့ သူ့ကိုကြည့်ရင်း ကျွန်တော့် ခြေလှမ်းတွေကို အနောက်ဆုတ်ကာ ရှောင်ရှားဖို့ ကြိုးစားလိုက်မိတယ် ။

သွားပြီ ..

နောက်ဆုံးတော့ ကျွန်တော် နောက်ဆုတ်စရာ လမ်းမရှိတော့ ။

ကျွန်တော့်ရဲ့ ခြေလှမ်းတွေက ကုတင်ဘောင်နဲ့ ထိသွားတဲ့အခါ ကြောက်လန့်စိတ်တွေက ကြီးစိုးလာတယ် ။

စူးရဲကြည့်နေတဲ့ သူအကြည့်များအောက် ဒူးထောက်ယိုင်လဲချင်လာသည် ။

" မင်းပဲ ငါ့ယောက်ျားဖြစ်ချင်တယ်ဆို .. ဘယ်ပြေးနေတာလဲ ? "

ပြုံးရယ်ရင်း ပြောနေတဲ့သူက ကျွန်တော့်အတွက်တော့ နတ်ဆိုးတစ်ယောက်လို ..

" အင့် "

သူရဲ့ အားနဲ့တွန်းလိုက်တာကြောင့် ကျွန်တော် ကုတင်ပေါ်သို့ လဲကျသွားတော့ ..

" အင့် .. အွန်းး "

ကျွန်တော့်ကိုယ်ပေါ်မှာ အ၀တ်မပါတဲ့ ခန္ဓာကိုယ်နဲ့ အုပ်မိုးကာ နှုတ်ခမ်းကို အတင်းအကြပ်နမ်းနေတာကြောင့် ကျွန်တော်ကိုယ်တိုင်တောင် မသိလိုက်ပဲ နှုတ်ခမ်းမှထွက်ကျလာသော ညည်းညူ သံများ ..

"အ .. နာ .. "

"တောက် ! မင်း ဘာတစ်ခွန်းမှ အတွန့်မတက်နဲ့ "

အောက်နှုတ်ခမ်းကို ကိုက်ဆွဲလိုက်လို့ အော်မိတော့ သူက ရမ္မက်ထန်နေတဲ့ မျက်ဝန်းအစုံနဲ့ ဒေါသတကြီး တားမြစ်လေသည် ။

သူနောက်တစ်ကြိမ်ပြန်နမ်းတော့ ခုနက သူသောက်ထားဟန်တူတဲ့ ၀ိုင်အရသာက ပါးစပ်ထဲဝင်လာတော့ ကျွန်တော်ပါ အနည်းငယ်မူးချင်လာသလို ..

လက်တွေကို သုံးရင်း ရုန်းကန်နေပေမယ့် သူက သန်မာလွန်းစွာ ကျွန်တော့်လက်တွေကို ထိန်းချုပ်ထားတာကြောင့် ကျွန်တော်အဖြစ်က မလူးသာမလွန့်သာ ..

နှုတ်ခမ်းတွေကို ကိုက်ဖဲ့နေတာ သွေးတွေတောင် ထွက်လာသလားမသိ .. ငန်ကျိကျိအရသာက ထင်တာထက်ပိုပြီး ဆိုးဝါးလွန်းသည်လေ ။

Value Of Tear// Completed //Where stories live. Discover now