23) Value Of Our Past

5.2K 503 37
                                    


Song for this part ..
Ikon .. Apology
ဒီသီချင်းလေးကိုဖွင့်ရင်း နားထောင်ပေးစေလိုပါတယ် .. ။

•~•~•~•

လေးထောင့်ဆန်ဆန် နှုတ်ခမ်းထက်မှ စကားသံတို့သည် ကျွန်တော့်အား ထိုးနှက်တတ်သည် ။
မျက်လုံးမှေးမှေးလေးထဲမှ အကြည့်စူးစူးတို့သည် ကျွန်တော့်အား တုန်လှုပ်စေသည် ။
လက်ချောင်းသွယ်သွယ်လေး၏ လှုပ်ရှားမှုတစ်ခုသည် ကျွန်တော့်အား .. သေမိန့်ချခဲ့သည် ။

«°«°«°«°

Baekhyun's pov ;

Sehun နှင့်အတူ အိမ်ရှေ့တွင်ရှိနေစဉ် အိတ်ထဲမှ တုန်ခါမှုကြောင့် ဖုန်းကိုထုတ်ကြည့်လိုက်တော့ .. မျှော်လင့်နေရသူ၏ အမည်နာမလေးက contact ပေါ်တွင် နေရာယူနေလေရဲ့ ..

ကျွန်တော့်ကို ပြန်လာခဲ့ပါလို့များ ခေါ်မလို့များလားလေ ။ သို့တည်းမဟုတ် ..

" ဟဲလို .. "

တွေးကြည့်ရုံနှင့်ပင် ကြောက်လန့်မိသော အရာအား ဆက်တွေးမနေတော့ဘဲ သူ့ဖုန်းအား ပြန်ထူးမိသည် ။ အသံမတုန်အောင် ကြိုးစားထိန်းထားသော်ငြား အနည်းငယ်တော့ တိုးလျနေပါလိမ့်မယ် ။

" ကွာရှင်းရအောင် .. Byun baekhyun "

ခဏ .. ကျွန်တော် နားကြားမှားတာထင်တယ် ။ မဟုတ်ပါဘူး .. ကျွန်တော် နားကြားမှားတာပါ ။

" ရှေ့နေငှားထားပြီးပြီမို့ .. မနက်ဖြန် ငါ့အိမ်ကို လာခဲ့ပါ "

" yeol .. "

တားမြစ်ရန် ကြိုးစားမိသော်လည်း .. တစ်စုံတစ်ခုလောက် ပြောပြချင်သော်လည်း .. တတူတူမြည်နေသော အသံကသာ ကျွန်တော့်အား စောင့်ကြိုနေလေရဲ့ ..

ထိုအချိန်အိမ်ရှေ့မှ ဖြတ်သွားသော ကားတစ်စီးကြောင့် လှမ်းကြည့်မိတော့ တမ်းတလွမ်းဆွတ်နေသော သူ့ကို အမှတ်တမဲ့ မြင်လိုက်ရသယောင် .. မဟုတ်တာတွေ မြင်ရလောက်အောင်အထိ .. ကျွန်တော် ဘယ်အချိန်ကများ သူ့အား ဤမျှလောက် ရူးသွပ်သွားခဲ့ပါသလဲ ။

Value Of Tear// Completed //Opowieści tętniące życiem. Odkryj je teraz