8) Value of His neglect

6.5K 637 71
                                    

Baek's pov ;

ဆောင်းဦးဝင်လာပြီမို့ တစ်ချက်တစ်ချက် တိုက်လာတဲ့ လေအေးတွေက တစ်ကိုယ်လုံးကို စိမ့်ခနဲ ..

အနွေးထည်ဝတ်ထားတာတောင် လူက အေးစိမ့်စိမ့်နဲ့ ..

ခြံရှေ့မှာ အလင်းရောင်တစ်ခု ဖြတ်သွားတာကြောင့် သူများပြန်လာတာလားလို့ ထကြည့်မိပေမယ့် မဟုတ် ..

ဟူးးးး လက်မှာပတ်ထားတဲ့ နာရီလေးရဲ့ လက်တံတွေက ည ၁၁ အနားပင် ရောက်လုပြီ ။

အိမ်ထဲဝင်မစောင့်ချင်တာကြောင့် ခြံထဲမှာရှိတဲ့ ဒန်းလေးပေါ် ထိုင်ကာ စောင့်နေတာ ၂ နာရီခန့်ပင် ရှိနေပြီ ။

Park Chanyeol ဆိုတဲ့သူဟာလေ တစ်ရက်တစ်လေလောက်သာ စောစော ပြန်လာတတ်ပေမယ့် ကျန်တဲ့နေ့တွေကတော့ ညသန်းခေါင်ပင် ။

စောင့်နေခိုင်းတာမျိုးတော့ မဟုတ်ပေမယ့် သူပြန်လာတဲ့အချိန် ဘယ်သူမှမရှိပဲ အထီးကျန်သလို ခံစားရမှာကို မလိုလားတာကြောင့် ကိုယ်တိုင်ပဲ အလိုက်သိစွာ စောင့်နေမိသည် ။

*တီ .. တီ

~ လာပြီထင်တယ် ..

ခြံတံခါးရှေ့က ဟွန်းတီးသံကြောင့် ဒန်းပေါ်က ထရင်း တံခါးကို အမြန်သွားဖွင့်ပေးလိုက်သည်။

" မင်း ခုချိန်ထိ မအိပ်သေးဘူးလား ? "

ကားတံခါးကို ဒုန်းခနဲ ဆောင့်ကာ ပိတ်ချလိုက်ပြီး အလိုမကျသော အကြည့်နဲ့ကြည့်ကာ ခပ်မာမာမေးလေသည်။

~ သူဟာလေ ကျွန်တော် ဘာလုပ်လုပ်ကို အလိုမကျတာ ။

" Yeol ပြန်လာတာကို စောင့်နေတာပါ "

" ဟက် .. အပိုတွေ .. ပြောရဦးမယ် "

အပိုတွေ ဆိုတဲ့စကားအပေါ် ဖြေရှင်းချက်ထုတ်ဖို့ အလျင်အမြန် ကြိုးစားလိုက်ပေမယ့် စကားဆက်သွားသော သူ့ကြောင့် စကားလုံးတွေက မထွက်နိုင်ခဲ့ ..

သူအပြုံးတွေဟာလေ .. လှောင်ပြုံးဖြစ်နေတာတောင် ကြည့်ကောင်းနေတုန်း .. ။

" မနက်ဖြန် အထုတ်အပိုး ပြင်ဆင်ထား !! "

" ဘာလို့လဲ ? "

အစမရှိ အဆုံးမရှိ အထုတ်အပိုးပြင်ထားဆိုတဲ့ စကားကြောင့် မျက်လုံးပြူးကာ အလန့်တကြား မေးမိတော့ ..

Value Of Tear// Completed //Where stories live. Discover now