1)Value Of One Slap

12.5K 755 25
                                    

လွန်ခဲ့သော နှစ်နှစ်ခန့်က ..

          *-*-*-*-*

Baek's pov ;

ခမ်းနားကြီးကျယ်လွန်းလှတဲ့ မိုးပြာရောင် အခန်းထဲက ထွက်လာလိုက်တာနဲ့ ကြားလိုက်ရတဲ့ သီချင်းသံဆူဆူညံညံတွေကြောင့် သက်ပြင်းကိုသာချလိုက်မိသည် ။

သူမသွားလို့မှ မရတာပဲလေ .. ။

နဂိုကတည်းက တိတ်တိတ်ဆိတ်ဆိတ်နေရတာကို သဘောကျတဲ့လူမို့ ဒီဆူညံသံတွေကို ဘယ်လိုမှသဘောမကျ .. 

" ၀ါးး .. Baekhyun လန်းလှချည်လား !! "

အောက်ထပ်ကို ရောက်လာတာနဲ့ ၀ိုင်ယူဖို့ထွက်လာဟန်တူတဲ့ jongin က ကျွန်တော့်ရဲ့ ပုံစံကိုကြည့်ပြီး ချီးကျူးနေလေရဲ့ .. သို့ပေမယ့် ညီးညူ နေသော စိတ်တို့က ဟန်ဆောင်ပြုံးပြရန်ပင် မတတ်စွမ်းနိုင် ..

ပုံမှန် ပေါ့ပေါ့ပါးပါးသာဝတ်တတ်တဲ့ ကျွန်တော် .. ဒီနေ့ ၀တ်ထားရတဲ့ အဖြူ ရောင် suit ၀တ်စုံကြောင့် အလွန်ပင် စိတ်ကျဉ်းကြပ်နေမိသည် ။

" ဒါနဲ့ မင်းတစ်ယောက်တည်းလား ? "

မရွှင်မပျဖြစ်နေသော ကျွန်တော့်မျက်နှာကြောင့် အလိုက်သိစွာ  စကားတွေ ပြောနေသော  Kim Jongin .. သို့ပေမယ့် သူ့စကားကြောင့် ကျွန်တော်စိတ်များ ပို၍ပင် လေးလံလာခဲ့သည် ။

" အင်း .. သူ သူ့သူငယ်ချင်းတွေနဲ့ရှိမှာပေါ့ "

နာမ်စားအမည်မပါသော်ငြား ဘယ်သူ့ကို ဆိုလိုနေမှန်း ကျွန်တော်တို့ နှစ်ယောက်ကတော့ နားလည်သည်လေ ။

" ဒီလို နေ့မျိုးမှာတော့ မင်းအနားရှိသင့်တာပေါ့ "

Jongin က အလိုမကျစွာဆိုလာသည် .. ဒီလိုနေ့မျိုး ?? အင်း .. ဒီလိုနေ့မျိုးမှာတော့ ကျွန်တော်အနား ဟန်ဆောင်၍ဖြစ်စေ .. ရှိနေပေးသင့်သည် မဟုတ်ပါလား .. ။

" သူမအားလို့ဖြစ်မှာပါလေ .. "

ကျွန်တော်သည် .. တစ်ခြားသူများ အမြဲပြောနေသကဲ့သို့ အမှတ်မရှိသည့်သူသာဖြစ်သည် ။ သူ့အား မည်သူတစ်စုံတစ်ယောက်ကမျှ စိတ်ကွက်သွားခြင်းကို မလိုလား ..

နာကျင်နေသော နှလုံးသားကို ဖြေဖျောက်နိုင်ဖို့ဆိုတာ ကိုယ့်စိတ်ကို ဖြေသိမ့်ကာ တွေးပေးဖို့လိုသည်မဟုတ်ပါလား ။ မဟုတ်မှန်း သိနေပေမယ့်လည်း အရူးတစ်ယောက်လို ယုံကြည်နေသည်မှာလည်း ကျွန်တော်သာဖြစ်သည် ။

Value Of Tear// Completed //Where stories live. Discover now